မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) မဟာဘွဲ့နှင်းသဘင်ခန်းမနှင့် ဇီဝိတဒါနသာသနာ့အထူးကုဆေးရုံကြီး ပြင်ဆင်နိုင်ရေး အလှူငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ
မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) မဟာဘွဲ့နှင်းသဘင်ခန်းမနှင့် ဇီဝိတဒါနသာသနာ့အထူးကုဆေးရုံကြီး ပြင်ဆင်နိုင်ရေး အလှူငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ
Ministry of Religious Affairs & Culture/ Naypyitaw / August 19, 2025
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် တာဝန်ရှိသူ များနှင့်အတူ၁၈-၈-၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးမြို့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ရှိ မဟာဘွဲ့နှင်းသဘင်အဆောက်အအုံပျက်စီးမှုနှင့် ဇီဝိတဒါန သာသနာ့အထူးကုဆေးရုံကြီးရှိ အဆော်အအုံများ ပျက်စီးမှုခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ရေရှည် ကြံ့ခိုင်မှုရှိစေရန် အရည်အသွေးပြည့်မီသော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ အသုံးပြုရန်နှင့် အဆောက်အဦ SOP နှင့်အညီ ပြုပြင်ဆောင်ရွက်သွားရန် မှာကြားသည်။
.jpg)


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောင်မြေသာစံမြို့နယ် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(မန္တလေး)ဌာနခွဲ၌ ကျင်းပသည့် အလှူတော်ငွေပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ပြီး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကေသရထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)ရှိ မဟာဘွဲ့နှင်းသဘင် ခန်းမကြီး ပြုပြင်ရန်အတွက် အလှူငွေကျပ်သိန်း ၆၀၀ နှင့် ဇီဝိတဒါနသာသနာ့အထူးကုဆေးရုံကြီး ပြုပြင်ရန် အလှူငွေကျပ်သိန်း ၃၀၀ ပေးအပ်လှူဒါန်းသည်။
.jpg)
.jpg)
ယင်းနောက် ပါမောက္ခချုပ်ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြသည်။

လှူဒါန်းပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းခရိုင်၊ မြို့နယ်တို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး ဝန်းထမ်း တစ်ဦးလျှင် ဆန်ခြောက်ပြည်ပါအိတ် တစ်အိတ်နှုန်းဖြင့် စုစုပေါင်းဝန်ထမ်း ၅၈၈ ဦးအတွက် ဆန်အိတ်များ ထောက်ပံ့ပေးအပ်ပြီး မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်ဆရာတော် ဘဒ္ဒန္တ ဝါသေဌာဘိဝံသအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။



သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
