မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၇(B)x၅၇(C)ကြား၊ ၁၁၀ လမ်းနှင့် ၁၁၀ (A)ကြားတွင် “ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်” မီးလောင်မှု

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၇(B)x၅၇(C)ကြား၊ ၁၁၀ လမ်းနှင့် ၁၁၀ (A)ကြားတွင် “ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်” မီးလောင်မှု

Ministry of Home Affairs/ နေပြည်တော် / January 06, 2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၇(B)x၅၇(C)ကြား၊ ၁၁၀ လမ်းနှင့် ၁၁၀ (A)ကြားတွင် “ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်” မီးလောင်မှု

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၇(B)x၅၇(C)ကြား၊ ၁၁၀ လမ်းနှင့် ၁၁၀ (A)ကြားတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့၊ ၀၈ ၂၅ အချိန်ခန့်က ပိုင်ရှင် ဒေါ်ငြိမ်းစုတင်၏ (၇၀x၅၅)ပေ၊ RC(မြေအောက်ထပ်ပါ) ၃ ထပ်၏ ပထမထပ်ရှိ “ဆိုင်ကယ်အပိုပစ္စည်း အရောင်းဆိုင်”တွင် Main Switch အပူလွန်ကဲပြီး အနီးရှိ ဆိုင်ကယ်အပိုပစ္စည်းများတင်ထားသည့် အထပ်သားစင်သို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များသည် အုပ်ချုပ်မှုယာဉ် ၃ စီး၊ မီးငြှိမ်းသတ်ယာဉ် ၂၅ စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁၀၀၅ တွင် အချိန်မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ဆိုင်ကယ်အပိုပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဆိုင်တာဝန်ခံ ဦးကျော်သူအောင်အား ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။