မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် တိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် စေတနာရှင်အလှူရှင်များမှ လှူဒါန်းမှုများအား လက်ခံ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် တိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် စေတနာရှင်အလှူရှင်များမှ လှူဒါန်းမှုများအား လက်ခံ


Ministry of Information/ Naypyitaw / September 14, 2024
image_latest


မန္တလေး စက်တင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီးအတွင်း စက်တင်ဘာလ (၁၀)ရက်နေ့မှ (၁၂)ရက်နေ့အထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဆည်ရေ၊ မြစ်ရေနှင့် ချောင်းရေ ဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများ၊ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိကာ ပြည်သူအချို့ ရေဘေးသင့်ခဲ့သည့်အတွက် စေတနာရှင်အလှူရှင်များမှ ယမန်နေ့တွင် လာရောက်လှူဒါန်းမှုများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်သည် လက်ခံဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် သီရိသုဓမ္မမဏိဇောတဓရ ဦးစိုးနိုင်+ဒေါ်အေးအေးခိုင် (အေးအေးခိုင်ကုမ္ပဏီ)မှ ငွေကျပ် (၅၂၅)သိန်းတန်ဖိုးရှိ ဆန်အိတ် (၅၀၀)အိတ်၊ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း (MBCCD Ltd)မှ ကျပ်သိန်း(၁၁၀၀)၊ ချောင်ချောင်ရွှေဆိုင်မိသားစုမှ ငွေကျပ်သိန်း(၃၀၀)နှင့်  Myanmar Developer Association (MDA) မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းရှင်များအသင်း ကျပ်သိန်း(၁၀၀)၊ ALPINE သောက်ရေသန့်မှ ကျပ်သိန်း (၁၂၀)တန်ဖိုးရှိ ရေသန့်ဘူးများအား လှူဒါန်းရာ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်ဆက်)