မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၄၂ x ၄၃ လမ်းကြား၊ ၈၆ လမ်း၌ ရုပ်ရှင်ရုံ (တည်ဆောက်ဆဲ) မီးလောင်မှု 

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၄၂ x ၄၃ လမ်းကြား၊ ၈၆ လမ်း၌ ရုပ်ရှင်ရုံ (တည်ဆောက်ဆဲ) မီးလောင်မှု 


Ministry of Home Affairs/ နေပြည်တော် / November 14, 2025


     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက် ညနေ ၄ နာရီ ၂၃ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၄၂ x ၄၃ လမ်းကြား၊ ၈၆ လမ်း၌ ပိုင်ရှင်ဦးမောင်ရွှေ၏ ၅၀ x ၇၀ ပေ၊ Steel Structure တစ်ထပ် မဟာအောင်မြေရုပ်ရှင်ရုံ(တည်ဆောက်ဆဲ)တွင် မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၈ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။

     အဆိုပါမီးလောင်မှုကြောင့် ၅၀ x ၇၀ ပေ၊ Steel Structure တစ်ထပ် အဆောက်အအုံ တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် တာဝန်ခံဖြစ်သူ ဦးကျော်စိုးပိုင်(၃၄)နှစ်အား အမှတ်(၇)နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။