မလေးရှားနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား(၄၉၇) ဦး တို့အား ပို့ဆောင်ခဲ့

မလေးရှားနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား(၄၉၇) ဦး တို့အား ပို့ဆောင်ခဲ့


Ministry of Foreign Affairs/ Nay Pyi Taw / November 25, 2021


၁။ မလေးရှားနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား ပုံမှန်လေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲနိုင်ခြင်းမရှိသည့် အချိန်ကာလအတွင်း ၂၂-၁၁-၂၀၂၁ ၊ ၂၄-၁၁-၂၀၂၁ နှင့် ၂၅-၁၁-၂၀၂၁ ရက်နေ့တို့တွင် (၁၆၈) ၊ (၁၆၉)၊ (၁၇၀) ကြိမ်မြောက် ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်များကို သံရုံးအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

၂။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် မလေးရှားနိုင်ငံသို့ ရောက်ရှိ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား (၄၁၄)ဦး၊ ထိန်းသိမ်းရေးစခန်းတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား (၈၄) ဉီး၊ စုစုပေါင်း (၄၉၇) ဉီး တို့ လိုက်ပါခဲ့ကြပါသည်။ အဆိုပါကယ်ဆယ်ရေးလေယာဉ်များသည် ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဒေသစံတော်ချိန် (၁၅၀၀) နာရီအချိန်တွင် ထွက်ခွာခဲ့ပြီး မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် (၁၆၁၅) နာရီ အချိန်တွင် ရောက်ရှိခဲ့ပြီး ဖြစ်ပါသည်။

အထူးမေတ္တာရပ်ခံချက်

— ကိုဗစ်ရောဂါကူးစက်မှုမြင့်မားနေသည့်ကာလဖြစ်ပါသဖြင့် ကယ်ဆယ်ရေး လေယာဉ်ဖြင့် လိုက်ပါမည့် မြန်မာနိုင်ငံသားများသည် ၇၂ နာရီအတွင်း ကိုဗစ် ရောဂါကင်းရှင်းကြောင်း စစ်ဆေးထားသည့် ဆေးလက်မှတ် ရယူထားပါရန် မေတ္တာရပ်ခံအပ်ပါ သည်။ လေဆိပ်လုံခြုံရေး အရာရှိများက ကိုဗစ်ကင်းရှင်းကြောင်းဆေးလက်မှတ်များကို စစ်ဆေးလျက်ရှိကြောင်း အသိပေးအပ်ပါသည်။

Check out memo နှင့် Special Pass လျှောက်ထားခြင်း

( အထောက်အထားမဲ့နေထိုင်သူများ၊ Certificate of Identity ( C of I) ကိုင်ဆောင်သူများအနေဖြင့် မလေးရှားနိုင်ငံမှ ပြန်လည်ထွက်ခွာရာ၌ လျှောက်ထားရမည့် Check out Memo နှင့် Special Pass များကို ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ် (KLIA -1) ၌ အောက်ပါစာရွက်စာတမ်း များနှင့်အတူ သတ်မှတ်ထားသည့် လေယာဉ်ထွက်ခွာမည့်အချိန်မတိုင်မီ ၆ နာရီကြိုတင်၍ လျှောက်ထားနိုင်ကြောင်း အသိပေး ဖော်ပြအပ်ပါသည်-

(ရန်ကုန်သို့ ပျံသန်းမည့် ကယ်ဆယ်ရေးလေယာဉ်များသည် ညနေ ၃ နာရီအချိန်တွင် ထွက်ခွာမည်ဖြစ်ပြီး MAI လေကြောင်းလိုင်း၏ Check in Counter မှာ နေ့လည် ၁ နာရီ ၃၀ မိနစ် အချိန်တွင် ပိတ်မည်ဖြစ်ပါသဖြင့် ယင်းနေ့ နံနက် ၆ နာရီ (သို့မဟုတ်) တစ်ရက်ကြိုတင်၍ သွားရောက်ပါရန် အကြံပြုအပ်ပါသည်။)

(က) နိုင်ငံကူးလက်မှတ်၊ ယာယီခရီးသွားလက်မှတ်( စီအိုင်) (မူရင်း နှင့်မိတ္တူ)၊

(ခ) လေယာဉ်လက်မှတ် (မူရင်း ၊ မိတ္တူ)၊

(ဂ) ၇၂ နာရီအတွင်း စစ်ဆေးထားသည့်ကိုဗစ်ကင်းရှင်းကြောင်း ဆေးလက်မှတ် (မူရင်း၊ မိတ္တူ၊)

(ဃ) ဒဏ်ကြေးငွေ မလေးရှားရင်းဂစ် ၅၀၀ ကို Debit / Credit Card, Touch and Go ၊ E wallet တို့ဖြင့် ပေးချေရမည်ဖြစ်ပါသည်။

*(၂၀၂၀ ခုနှစ် ဇန်နဝါရီလ နောက်ပိုင်း တွင် ပါမစ်သက်တမ်းကုန်ဆုံးသူများ Check out memo နှင့် ဒဏ်ကြေးငွေ ပေးဆောင်ရန်မလိုပဲ ထွက်ခွာနိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။)

Fit to Travel ဆေးထောက်ခံစာလက်မှတ်

၃။ ကျန်းမာရေးမကောင်းသူများ၊ ကိုယ်ဝန်သည်များ အနေဖြင့် လေယာဉ်စီးနင်းလိုက်ပါနိုင်ကြောင်း (Fit to Travel) ဆရာဝန်၏ ဆေးထောက်ခံစာများရယူလာပါရန် ကြိုတင်မေတ္တာ ရပ်ခံအပ်ပါသည်။ အဆိုပါ ဆေးထောက်ခံစာ မပါရှိပါက လေကြောင်းလိုင်းမှ လိုက်ပါခွင့်မပြုသည့် ဖြစ်စဉ်များရှိခဲ့ပါသဖြင့် မမေ့မလျော့ ယူဆောင်သွားကြပါရန် အသိပေးအပ်ပါသည်။

Mobile Team များဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း

၄။ မလေးရှားနိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်မှုမြင့်မားနေဆဲဖြစ်သော်လည်း မြန်မာနိုင်ငံသားများ၏ အကျိုးကိုရှေးရှု၍ နိုင်ငံကူးလက်မှတ် သက်တမ်း တိုးခြင်းလုပ်ငန်းများကို Mobile Team များဖြင့် ဆောင်ရွက်ပေးလျက် ရှိပါသည်။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာဒေသများအလိုက် အောက်ဖော်ပြပါ တယ်လီဖုန်းအမှတ်များသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်-

(က) ဂျိုဟိုး – 017 264 5578

(ခ) ပီနန်း – 017 264 5718/ 017 264 5720

၅။ အခြားဒေသများရှိ မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းလုပ်ငန်းများ ကို အထက်ဖော်ပြပါ Mobile Team များဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

ရက်ချိန်း (appointment) ရယူခြင်း

၆။ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း/ အသစ် လျှောက်ခြင်း/ ထုတ်ခြင်းများအတွက် သံရုံးသို့ လူကိုယ်တိုင်လာရောက်၍ ရက်ချိန်း ကြိုတင် ရယူ၍ ရက်ချိန်းရသည့်နေ့တွင် သံရုံးသို့ လာရောက် ဆောင်ရွက်နိုင်ပါကြောင်း အသိပေး ဖော်ပြအပ်ပါသည်။

လေယာဉ်လက်မှတ်များဝယ်ယူခြင်း

၇။ ကယ်ဆယ်ရေးလေယာဉ်များဖြင့် လိုက်ပါမည့် မြန်မာနိုင်ငံသားများ အနေဖြင့် သတ်မှတ်ထားသည့် လေယာဉ်လက်မှတ်ဈေးနှုန်း မလေးရှား ရင်းဂစ်- ၇၅၀ ထက် ပိုမိုပေးဆောင်မှုများ မဖြစ်ပေါ်စေရေးအတွက် MAI လေယာဉ်လက်မှတ်အရောင်းဌာနနှင့် မြန်မာသံရုံး (အင်္ဂါ၊ ကြာသပတေး) တွင် ခရီးစဉ်များအလိုက် တိုက်ရိုက်ဝယ်ယူကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

MAI လက်မှတ်အရောင်းဌာန

တယ်လီဖုန်းနံပတ် +603 2142 1199

ဘဏ်အမည် May Bank

ဘဏ်စာရင်းအမှတ် – 5143 5640 0838

ဘဏ်စာရင်း အမည် Worldwide Aviation Agencies Sdn Bhd

မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်