မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးရမှုများနှင့် ပတ်သက်၍ ပြည်ပနိုင်ငံများမှ သမ္မတနှင့် နိုင်ငံတော်အကြီးအကဲများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာများ ဆက်လက်ပေးပို့

Ministry of Information/ Naypyitaw / April 10, 2025
အဆွေတော်
ဝန်ကြီးချုပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ
ဘရာဇီးလ်ပြည်သူများနှင့် အစိုးရကိုယ်စား မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ငလျင်ကြောင့် သေဆုံးသူများနှင့် ကျန်ရစ်သူမိသားစုများအား ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြလိုပါသည်။
သေဆုံးသူအရေအတွက် အများအပြားနှင့် သိသာထင်ရှားသော ပျက်စီးဆုံးရှုံးမှုများအတွက် မိမိအနေဖြင့် အထူးပင်ဝမ်းနည်းမိပါသည်။ ဤဝမ်းနည်းဖွယ်ဖြစ်ရပ်ကြောင့် ငလျင်ဘေးသင့် သူများအားလုံးသို့ အဆွေတော်မှတစ်ဆင့် မိမိ၏စိတ်ခွန်အားကို ပေးလိုပါသည်။
ချစ်ကြည်ရင်းနှီးသော မြန်မာနိုင်ငံနှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားရသူများအားလုံး အမြန်ဆုံး ပြန်လည်ကျန်းမာပါစေကြောင်း စိတ်ရင်းစေတနာဖြင့် ဆန္ဒပြုအပ်ပါသည်။
မစ္စတာ လူဝစ် အင်နာစီအို လူလာ ဒါစီးလ်ဗား
သမ္မတ
ဘရာဇီးလ်ဖယ်ဒရယ်သမ္မတနိုင်ငံ