မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရား၊ စေတီ၊ ပုထိုးများ၌ The Pagoda Digital Directory ပြုလုပ်ထားရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရား၊ စေတီ၊ ပုထိုးများ၌ The Pagoda Digital Directory ပြုလုပ်ထားရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


Ministry of Religious Affairs & Culture/ Naypyitaw / September 06, 2023
image_latest


   မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရား၊ စေတီ၊ ပုထိုးများ၌ The Pagoda Digital Directory ပြုလုပ် ထားရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ၅-၉-၂၀၂၃ ရက်နေ့၊ နံနက် ၁၀  နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)၊ အမျိုးသားပြတိုက်၊ နေပြည်တော်၌ ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဘုရားစေတီဂေါပကအဖွဲ့ဝင်များ၊ IT ပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

 

 

 

 

   အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်၊ မန္တလေးမြို့ မဟာမြတ်မုနိဘုရား၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ ကျိုက်ထီးရိုးစေတီတော်၊ ညောင်ဦးမြို့ ရွှေစည်းခုံ စေတီတော်၊ အာနန္ဒာဘုရား၊ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်၊ မကွေးမြို့ မြသလွန်ဘုရား၊ ပြည်ရွှေဆံတော်ဘုရား၊ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ သျှစ်သောင်းဘုရားတို့၏ ဂေါပကအဖွဲ့များ အနေဖြင့် သက်ဆိုင်ရာဘုရားများ၏ သတင်းအချက်အလက် အကြောင်းအရာများ၊ ဘုရားသမိုင်းများ နှင့်ပတ်သတ်၍ Digitalize ပြုလုပ်ရေး၊ Touch Screen များအသုံးပြု၍ အများပြည်သူ အလွယ်တကူ သိရှိအောင် ခေတ်မီနည်းပညာများ အသုံးပြုရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း

 

 

   ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန လက်အောက်ရှိ ပြတိုက်များတွင် ပြသ ပစ္စည်းများအား Digital စနစ်ဖြင့်ပြသနိုင်ရေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ပြတိုက်များ နှင့်ရှေးဟောင်းနေရာများအား ဦးစီးဌာန Website မှတစ်ဆင့် တစ်နေရာတည်းတွင် လေ့လာနိုင်ရေး၊ ရှားပါးပစ္စည်းများအား 3D ရိုက်ကူး၍ အသေးစိတ်ကြည့်ရှုနိုင်ရေးနှင့် Virtual Tour စနစ်ဖြင့် ပြတိုက် များကို လေ့လာနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း

 

 

   ဘုရားစေတီပုထိုးများနှင့် သာသနာရေးဆိုင်ရာ ပြတိုက်များတွင်လည်း The Pagoda Digital Directory ပြုလုပ်ထားရှိ ပြသနိုင်ရေးအတွက် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ဆောင်ရွက်ထားရှိမှုများကိုလေ့လာပြီး မိမိတို့ဘုရားစေတီပြတိုက်များတွင် ဌာနနည်းတူ သို့မဟုတ် ပိုမိုကောင်းမွန်သည့် The Pagoda Digital Directory ကိုဖန်တီးပြီး မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ်များကို နိုင်ငံတကာအဆင့်မီ Digital ခေတ်မီနည်းစနစ်များဖြင့် ပြသနိုင်ခြင်းဖြင့် ပြည်သူ လူထုနှင့် ကမ္ဘာလှည့်ခရီးသွားများ မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ သတင်းအချက်အလက်များ ပိုမိုပြည့်စုံစွာ အလွယ်တကူ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

           ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက The Pagoda Digital Directory အကောင်ထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာစေတီ၏ တည်နေရာပြမြေပုံ၊ ဘုရားသမိုင်း၊ သက်ဆိုင်ရာမြို့သမိုင်း၊ Tourism လမ်းကြောင်းပြမြေပုံ၊ သက်ဆိုင်ရာ ဘုရား၊ စေတီပရိဝုဏ်အတွင်းသွားရောက် ဖူးမြော်ကြည်ညို လေ့လာရမည့်နေရာများ၊ နေရာတစ်ခုချင်းစီ၏ အကြောင်းအရာရှင်းလင်းချက်များ၊ မြန်မာမှုအနုလက်ရာ ပန်းဆယ်မျိုးတို့ဖြင့် ထုံမွှန်းတည်ဆောက် လှူဒါန်းပူဇော် ကိုးကွယ်ခဲ့မှုများကို ကြည်ညိုသဒ္ဓါပွားများ ဂုဏ်တက်စေမည့်ပြကွက်များ၊ ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် ဗုဒ္ဓသာသနာတော်အရှည်ခန့်၍ တည်တံ့အောင် ခေတ်အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်မှုများအပေါ် အမျိုးဂုဏ်၊ ဇာတိဂုဏ် ဖြစ်ပေါ်စေသည့်ပြကွက်များ ပြည့်စုံစွာ ပါဝင်နိုင်ရေးတို့အတွက် ဘုရား၊ စေတီများမှ ဂေါပကများ၊ ကျွမ်းကျင်သူများ၊ ယခင်တာဝန်ယူ ဆောင်ရွက်ခဲ့ဖူးသော  ပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာ မြို့များရှိ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ကျွမ်းကျင်သူများ၊ IT ပညာရှင်များဖြင့် စနစ်တကျ ဖွဲ့စည်းသွားရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။

 

 

   ထို့နောက် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က The Pagoda Digital Directory နှင့်ပတ်သက်၍ သရေခေတ္တရာနယ်မြေနှင့် အမျိုးသားပြတိုက် (နေပြည်တော်)တို့တွင် လက်ရှိဆောင်ရွက်လျက်ရှိသော Digital Directory ဆောင်ရွက်မှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။

 

 

   ယင်းနောက် ဒုတိယဝန်ကြီး ဦးအေးထွန်းက တက်ရောက်လာကြသည့် ဘုရား၊ စေတီဂေါပက အဖွဲ့များအနေဖြင့် The Pagoda Digital Directory နှင့်တ်သက်၍ ဆောင်ရွက်ရာတွင် ရွှေတိဂုံ စေတီတော်တွင် ပြုလုပ်ထားမှုကို နမူနာရယူဆောင်ရွက်နိုင်ပါကြောင်း၊ လုပ်ငန်းပြီးမြောက် အောင်မြင်အောင် ဆောင်ရွက်ကြစေလိုပါကြောင်း ဆွေးနွေးသည်။  

   ဆက်လက်၍ သက်ဆိုင်ရာ ဘုရားဂေါပကအဖွဲ့များက ဆွေးနွေးကြပြီး ပြည် ရွှေဆံတော် ဂေါပကအဖွဲ့က ပြည်မြို့၊ ကွန်ပျူတာတက္ကသိုလ်မှ လှူဒါန်းထားသော Digital Information System ဆောင်ရွက်မှုကို တင်ပြသည်။

   ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က နိဂုံးချုပ်အမှာစကားပြောကြားသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အတိုင်း The Pagoda Digital Directory ပြုလုပ်ထားရှိနိုင်ရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့၏ အကြံ ပြုချက်များနှင့်အတူ တက်ရောက်လာကြသော ဘုရား၊ စေတီဂေါပကအဖွဲ့ဝင်များ၊ IT ပညာရှင်များ နှင့် ဆက်လက်ဆွေးနွေခဲ့ကြကြောင်း ဖော်ပြအပ်ပါသည်။

 သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန

HOT NEWS
January 4,