မြန်အောင်မြို့နယ် သမဝါယမအသင်းစုမှ ရေဆင်းစပ်မျိုး(၁)နေကြာ ၅(ဧက) စံပြစိုက်ခင်း စိုက်ပျိုးပွဲကျင်းပ

မြန်အောင်မြို့နယ် သမဝါယမအသင်းစုမှ ရေဆင်းစပ်မျိုး(၁)နေကြာ ၅(ဧက) စံပြစိုက်ခင်း စိုက်ပျိုးပွဲကျင်းပ


Ministry of Cooperatives and Rural Development/ Naypyitaw / December 10, 2024
image_latest


မြန်အောင်    ဒီဇင်ဘာ   ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ် သမဝါယမအသင်းစုမှ မြန်အောင်မြို့နယ် ဆင်သေကျေးရွာအုပ်စု ကွင်းအမှတ် ၁၈၉၊ ဦးပိုင်အမှတ် ၁၂၉၊ တောင်သူဦးအောင်ဌေးလယ်မြေတွင် ရေဆင်းစပ်မျိုး(၁)နေကြာ စံပြကွက် ၅ ဧက စိုက်ပျိုးပွဲကို  ဒီဇင်ဘာ ၇ ရက်က ကျင်းပပြုလုပ်ခဲ့သည်။

ရေဆင်းစပ်မျိုး(၁)နေကြာ စံပြကွက် ၅ ဧက စိုက်ပျိုးပွဲသို့ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် မြို့နယ် စိုက်တိုး မြှင့်အဖွဲ့ဝင်များ၊ မြန်အောင်မြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဒေါ်အေးအေးမွန်၊ မြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး နှင့်ဝန်ထမ်းများ၊ မြို့နယ်မြေစာရင်းဦးစီးဌာနဝန်ထမ်းများ၊ ကျေးရွာပြည်သူများက ရေဆင်းစပ်မျိုး(၁) နေကြာအား တစ်ပျော်တစ်ပါး စိုက်ပျိုးခဲ့ကြသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်လင်းက  ဆောင်းနေကြာ စိုက်ပျိုး ရာ၌ မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးကြရန်၊ စိုက်ပျိုးနည်းစနစ်နှင့် သတ်မှတ်ဧကအထွက် တိုးပြီး ပြည့်မီအောင်စိုက်ပျိုးရန် ဟောပြောခဲ့သည်။

ဝင်းဗိုလ်(ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး