မြေနီခင်းခြင်းလုပ်ငန်း ၅၀ ရာခိုင်နှုန်းခန့်ဆောင်ရွက်ပြီးစီး

မြေနီခင်းခြင်းလုပ်ငန်း ၅၀ ရာခိုင်နှုန်းခန့်ဆောင်ရွက်ပြီးစီး


Ministry of Cooperatives and Rural Development/ Naypyitaw / October 31, 2023
image_latest


        မကွေးတိုင်းဒေသကြီး သရက်ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်ဇာလှိုင်သန်းက ရွှေပန်းကိုင်းလမ်းမှ ရှမ်းရွာကြော-တောင်မြင့်လမ်း(၂/၂)မိုင်အား မြေသားတာပေါင်ချဲ့၍ အကျယ် ၁၈ ပေ၊ ထု ၈ လက်မ မြေနီခင်းခြင်းလုပ်ငန်းကို အောက်တိုဘာလ ၃ဝ ရက်တွင် စစ်ဆေးရာ အဆိုပါလမ်းမှာ ယခုအခါ ၅ဝ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

               ရွှေပန်းကိုင်းလမ်းမှ ရှမ်းရွာကြော- တောင်မြင့်လမ်း(၂/၂)မိုင်အား မြေသားတာပေါင်ချဲ့၍ အကျယ် ၁၈ ပေ၊ ထု ၈ လက်မ မြေနီခင်းခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ကုန်တွင် ကျေးလက်လမ်း/ တံတားများ အချိန်မီပြီးစီးရေးအတွက် သရက်မြို့နယ်အတွင်းရှိ ကြည်စစ်လင်းကုမ္ပဏီမှ တိုင်းဒေသကြီး (ငွေလုံးငွေရင်း)ရန်ပုံငွေကျပ် ၈ဝ ဒသမ ၁၃၁ သန်းဖြင့် တာဝန်ယူဆောင်ရွက်ခြင်းဖြစ်သည်။

              အဆိုပါ လမ်းဖောက်လုပ်ပြီးစီးပါက သရက်မြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာ၊ အိမ်ခြေ ၂၅၂ အိမ်နှင့် လူဦးရေ ၁၀၂၉ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူမှုစီးပွားများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး အဆင်ပြေလွယ်ကူစွာ သွားလာလုပ်ကိုင်ဆောင်ရွက်နိုင်မည့်အပြင် ကျေးလက်နှင့်မြို့ပြ ကွာဟမှုများ လျှော့ချနိုင်ရေးကိုပါ အထောက်အကူပြု နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဧကရီ

HOT NEWS
January 4,