မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ကဒတ်ချောင်းရေတံခါးကြံ့ခိုင်ရေး အထွေထွေပြုပြင်ခြင်းလုပ်ငန်းနှင့် နုန်းတာတမံများ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

Ministry of Home Affairs/ နေပြည်တော် / December 03, 2025

     ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ကဒတ်ချောင်းရေတံခါးကြံ့ခိုင်ရေး အထွေထွေ ပြုပြင်ခြင်းလုပ်ငန်းနှင့် နုန်းတာတမံများ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ခရိုင်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင် ဦးဆောင်၍ မြို့နယ်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။