မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ ဖဲရိုက်လောင်းကစား ပြုလုပ်သူများအား ဖမ်းဆီးအရေးယူ
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ ဖဲရိုက်လောင်းကစား ပြုလုပ်သူများအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ Naypyitaw / August 02, 2025
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁ ရက်က မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ ဖဲရိုက်လောင်းကစား ပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၁ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ စိန်တောင်ရပ်ကွက်၊ ဘောလုံးကွင်းလမ်းမပေါ်၌ ဖဲရိုက်လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ကမာဝက်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက် နေသူများဖြစ်ကြသည့် ဒေါ်မယဉ်(၄၆)နှစ်၊ ဒေါ်အေးချမ်း(၃၅)နှစ်၊ ဒေါ်လှသိန်း(၆၇)နှစ်နှင့် ခိုင်စိုးဦး(ခ)အပစ်(၂၈)နှစ်တို့ လေးဦးအား ဖဲရိုက်လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဒေါ်မယဉ်ပါ လေးဦးအား ကမာဝက်နယ်မြေရဲစခန်း (ပ)၄၄/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
