မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မဟာမြိုင်ပရိယတ္တိစာသင်တိုက်၌ ဓမ္မဇာလကျောင်းတော် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းအမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနား ကျင်းပ
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မဟာမြိုင်ပရိယတ္တိစာသင်တိုက်၌ ဓမ္မဇာလကျောင်းတော် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းအမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနား ကျင်းပ
Ministry of Home Affairs/ နေပြည်တော် / January 09, 2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၈ ရက် နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မဟာမြိုင် ပရိယတ္တိစာသင်တိုက်၌ ဓမ္မဇာလကျောင်းတော်စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မဟာမြိုင်ပရိယတ္တိစာသင်တိုက်ဆရာတော်နှင့် သင်တန်းမှူးဆရာတော်များ ကြွရောက်ခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနိုင်သည် ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ အလှူရှင်များနှင့် သင်တန်းသား၊ သင်တန်းသူများနှင့်အတူ တက်ရောက်ခဲ့ကြောင်းနှင့် ပြည်နယ်အစိုးရ အဖွဲ့မှ လှူဒါန်းသော အလှူငွေကျပ် ငါးသိန်းအား ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌထံသို့ ပေးအပ်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိပါသည်။