မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ မုပွန်ဈေး၌ အသား၊ ငါး၊ ပုဇွန် ရောင်းချနေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ မုပွန်ဈေး၌ အသား၊ ငါး၊ ပုဇွန် ရောင်းချနေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး
Ministry of Home Affairs/ Naypyitaw / August 15, 2025
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၃ ရက် နံနက် ၇ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်၊ တိုးချဲ့(၈)လမ်းအောက်ပိုင်းရှိ မုပွန်ဈေး၌ အသား၊ ငါး၊ ပုဇွန် ရောင်းချနေမှု အခြေအနေများအား ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းထွေး၊ ပြည်နယ်အဆင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။