မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ ငွေကျပ် ၁ ဒသမ ၉၃၂ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၃၈ တုံး၊ အလေးချိန် ၄၈ ဒသမ ၃ ကီလို ဖမ်းဆီးရမိ
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ ငွေကျပ် ၁ ဒသမ ၉၃၂ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၃၈ တုံး၊ အလေးချိန် ၄၈ ဒသမ ၃ ကီလို ဖမ်းဆီးရမိ
Ministry of Information/ Naypyitaw / April 04, 2024

နေပြည်တော် ဧပြီ ၃
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ ငွေကျပ် ၁ ဒသမ ၉၃၂ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ဘလောက်တုံး ၁၃၈ တုံး၊ အလေးချိန် ၄၈ ဒသမ ၃ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၃၀ ရက် ညနေ ၃ နာရီတွင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မရမ်းချောင်ကျေးရွာအနီးတွင် ရေနီမှ မော်လမြိုင်သို့ လင်းလင်းဖြိုး မောင်းနှင်လာသည့် SUPERCUSTOM HIACE မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသ ကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၉၃၂ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၃၈ တုံး၊ အလေးချိန် ၄၈ ဒသမ ၃ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူဘလောက်တုံးများအား ရှမ်းပြည်နယ် (တောင်ပိုင်း) မှ မွန်ပြည်နယ် မော်လမြိုင်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်