ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ မော်တော်ဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ Nissan Diesel (၁၂)ဘီးယာဉ်အား ဝင်ရောက်တိုက်မိ၍ အမျိုးသား တစ်ဦး သေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ မော်တော်ဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ Nissan Diesel (၁၂)ဘီးယာဉ်အား ဝင်ရောက်တိုက်မိ၍ အမျိုးသား တစ်ဦး သေဆုံး


Ministry of Home Affairs/ နေပြည်တော် / October 20, 2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ မော်တော်ဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ Nissan Diesel (၁၂)ဘီးယာဉ်အား ဝင်ရောက်တိုက်မိ၍ အမျိုးသား တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။


     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ မော်တော်ဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ Nissan Diesel (၁၂)ဘီးယာဉ်အား ဝင်ရောက်တိုက်မိ၍ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

     အောက်တိုဘာ ၁၈ ရက် ည ၁၀ နာရီ ၃၀ မိနစ်တွင် တိုက်ကြီးမြို့နယ်၊ ဗောဓိကုန်းရပ်ကွက်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၆၁)ယာဉ်ထိန်းရဲတပ် ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ တိုက်ကြီးမြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်းအတိုင်း တောင်မှမြောက်သို့ တိုက်ကြီးမြို့နယ်၊ အင်းကုလားရပ်ကွက်နေ ရဲထွဋ်ဇော်(၃၄)နှစ် မောင်းနှင်လာသော ဆိုင်ကယ်သည် ဗောဓိကုန်းရပ်ကွက်၊ ဗောဓိကုန်း(၆)လမ်းအလွန် မိုင်တိုင်အမှတ် ၄၉ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံကြားအရောက်၌ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ မျက်နှာချင်းဆိုင်မှ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ အရှေ့ရိုးကြီးရပ်ကွက်နေ လင်းလင်းထွန်း(၃၆)နှစ် မောင်းနှင်လာသော BGO-28 9P/XXXX Nissan Diesel (၁၂)ဘီး စိမ်း/နီရောင် မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ရဲထွဋ်ဇော်တွင် ဒဏ်ရာများရရှိကာ အခင်း ဖြစ်နေရာ၌ သေဆုံးသွားခဲ့သောကြောင့် ရဲထွဋ်ဇော်အား တိုက်ကြီးမြို့မရဲစခန်း ယာဉ်(ပ)၁၆/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။