ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ (People Surveillance and Management System - PSMS) အသုံးပြု၍ လူပုဂ္ဂိုလ်တစ်ဦးချင်းအား စိစစ်စောင့်ကြည့်ခြင်းစနစ်နှင့် ဧည့်စာရင်း တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်

Ministry of Home Affairs/ နေပြည်တော် / October 29, 2025
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက် ည ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်မြတ်၏ ကြီးကြပ်မှုဖြင့် မြို့နယ်အခြေပြု လုံခြုံရေးတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များမှ မြို့ပေါ်ရပ်ကွက်နေအိမ်များအား ဧည့်စာရင်းစစ်ဆေးစဉ် မြို့ နယ်ရဲတပ်ဖွဲ့က (People Surveillance and Management System-PSMS) အသုံးပြု၍ လူပုဂ္ဂိုလ်တစ်ဦးချင်းအား စိစစ်စောင့်ကြည့်ခြင်းစနစ်နှင့် ဧည့်စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။