ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ကျောက်ရေတွင်းရပ်ကွက်၌ Wai Wai (Phone Service & Accessories) ဆိုင် မီးလောင်မှု

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ကျောက်ရေတွင်းရပ်ကွက်၌ Wai Wai (Phone Service & Accessories) ဆိုင် မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / December 17, 2025


     ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက် နံနက် ၃ နာရီ ၅၉ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ကျောက်ရေတွင်းရပ်ကွက်၌ ပိုင်ရှင် ဦးဝေယံလင်းရွှေ(၄၄)နှစ်၏ ၁၀ x ၅၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း နှစ်ထပ် အဆောက်အအုံအောက်ထပ်ရှိ Wai Wai (Phone Service & Accessories) ဆိုင်တွင် မီတာပုံးအောက်ရှိ လျှပ်စစ်မိန်းခုံအပူလွန်ကဲရာမှ မီးစတင် လောင်ကျွမ်းမှုဖြစ်ပွားကြောင်း တင်းရရှိသဖြင့် မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးသတ် တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၀ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၁၃ မိနစ်တွင် မီးငြိမ်းခဲ့ ပါသည်။

      အဆိုပါမီးလောင်မှုကြောင့် ၁၀ x ၅၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း နှစ်ထပ် အဆောက်အအုံ တစ်လုံး၊ ဖုန်းအပိုပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဝေယံလင်းရွှေ အား မြောက်ဥက္ကလာပ မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။