ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ MYANMAR SYRENGY SARMENT Co.,Ltd အထည်ချုပ်စက်ရုံ၌ ဘွိုင်လာခန်း မီးလောင်မှု
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ MYANMAR SYRENGY SARMENT Co.,Ltd အထည်ချုပ်စက်ရုံ၌ ဘွိုင်လာခန်း မီးလောင်မှု
Ministry of Home Affairs/ နေပြည်တော် / March 13, 2026
၂၀၂၆ ခုနှစ်၊ မတ် ၁၂ ရက် နံနက် ၂ နာရီ ၃၀ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ပိုင်ရှင် ဦးဒေဝါရဲဌေး(၃၄)နှစ်၏ MYANMAR SYRENGY SARMENT Co.,Ltd အထည်ချုပ်စက်ရုံရှိ ၂၀ x ၃၀ ပေ၊ Streel Structure တစ်ထပ် ဘွိုင်လာခန်းအတွင်း အလုပ်သိမ်းချိန်တွင် လျှပ်စစ်ပန်ကာ ဖွင့်ထားခဲ့ရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် လေးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၄၉ မိနစ်တွင် မီးငြိမ်းပါသည်။
အဆိုပါမီးလောင်မှုကြောင့် ဘွိုင်လာခန်းအတွင်းရှိ ဆက်စပ်ပစ္စည်းများ၊ လျှပ်စစ်ပန်ကာ တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် တာဝန်ခံ ဦးစည်သူအောင် အား လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
