ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၆) ရပ်ကွက်၊ ကျန်စစ်သားလမ်းနှင့် မေယု လမ်းထောင့်တွင် အဆောက်အဦပြိုကျမှု

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၆) ရပ်ကွက်၊ ကျန်စစ်သားလမ်းနှင့် မေယု လမ်းထောင့်တွင် အဆောက်အဦပြိုကျမှု


Ministry of Home Affairs/ နေပြည်တော် / October 20, 2021
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၆)ရပ်ကွက်၊ ကျန်စစ်သားလမ်းနှင့် မေယုလမ်းထောင့်တွင် အဆောက်အဦပြိုကျမှု မှတ်တမ်းဓါတ်ပုံ


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၆)ရပ်ကွက်၊ ကျန်စစ်သားလမ်းနှင့် မေယုလမ်းထောင့်၊ အမှတ်(၆၆၂)တွင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့၊ ၀၉ ၂၀ အချိန်ခန့်က ကန်ထရိုက် ဦးလှထွန်း တာဝန်ယူဆောက်လုပ်နေသော ပိုင်ရှင် ဦးကျော်စိုးလင်း၏ (၅၄x၂၆)ပေ၊ Steel Structure (၂)ထပ်ခွဲ အဆောက်အဦ၏ ပထမထပ် ကြမ်းခင်းဆလက်ပြား ပြိုကျ၍ အလုပ်သမား ကျား(၆)ဦး ပိမိနေကြောင်း သတင်းရရှိသဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ အရှေ့ပိုင်း ခရိုင်အတွင်းရှိ မီးသတ်စခန်းများနှင့် တောင်ပိုင်းခရိုင်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် အုပ်ချုပ်မှု ယာဉ်(၁)စီး၊ ကွပ်ကဲမှုယာဉ်(၂)စီး၊ မီးသတ်ယာဉ်(၂)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၄)စီး၊ Lifting Vehicle Rescue Truck ယာဉ်(၂)စီး၊ Emergency Medical Service သူနာတင်ယာဉ်(၂)စီး၊ Engine Cutter တင်ဆောင်သောယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ကူညီ ဆောင်ရွက်ခဲ့ရာ ၁၅၀၀ အချိန်တွင် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပါသည်။

အဆိုပါဖြစ်စဉ်ကြောင့် ပိမိနေသူ အမျိုးသား(၆)ဦးအနက် အမျိုးသား(၃)ဦးအား အသက် ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး ကျန်(၃)ဦး (သေဆုံး)အား မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ကန်ထရိုက် ဦးလှထွန်း(သေဆုံး)အား ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့မ ရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။