ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ကျောင်းကုန်းကျေးရွာတွင် လူနေအိမ်များအတွင်း ရေဝင်ရောက်မှု

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ကျောင်းကုန်းကျေးရွာတွင် လူနေအိမ်များအတွင်း ရေဝင်ရောက်မှု


Ministry of Home Affairs/ နေပြည်တော် / August 20, 2022


ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမှတ်(၂၆) ရပ်ကွက်၊ ကျောင်းကုန်းကျေးရွာတွင် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့၊ ၁၀ ၀၀ အချိန်ခန့်က လူနေအိမ်ခြံဝန်းများအတွင်း ရေဝင်ရောက်မှုဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် ရွှေပြည်သာမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ Fiber Boat ၁ စီးဖြင့် ရေဝင်ရောက်နေသော အိမ်ထောင်စု(၃၅)စုခန့်မှ လူဦးရေ(၁၅၃)ဦးတို့အား ရေဘေးလွတ်ရာ ကျောင်းကုန်းကျေးရွာ တမာလမ်းရှိ ရွာဦးဓမ္မာရုံသို့ ကူညီကယ်ဆယ်ရွေ့ပြောင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ၁၈ ၄၅ အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။