ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ငွေလမ်းထောင့်တွင် ဆိုင်ခန်းမီးလောင်မှု

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ငွေလမ်းထောင့်တွင် ဆိုင်ခန်းမီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / December 03, 2022


ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ငွေလမ်းထောင့်၊ အမှတ်(၆၁)တွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့၊ ၁၁ ၁၀ အချိန်ခန့်က ပိုင်ရှင် မငြိမ်းငြိမ်းအေး၏ (၇x၂၀)ပေ၊ သွပ်မိုး၊ ကျောက်ပြားကာ၊ ကွန်ကရစ်ခင်းလူနေဆိုင်ခန်းတွင် ဓာတ်ဆီထည့်၍ မီးစက်နှိုးစဉ် မီးပွားထွက်ပြီး အနီးရှိယိုစိမ့်နေသောဆီများသို့ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် အုပ်ချုပ်မှုယာဉ် ၁ စီး၊ မီးငြှိမ်းသတ်ယာဉ် ၈ စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁၁ ၂၈ အချိန်တွင် မီးငြိမ်းခဲ့ပါသည်။

အဆိုပါမီးလောင်မှုကြောင့် လူနေဆိုင်ခန်း ၅ ခန်း၊ ဓာတ်ဆီမီးစက် (1HP) ၁ လုံး၊ ဘက်ထရီအိုး အဟောင်းများ၊ ရေခဲသေတ္တာအဟောင်းများ၊ ကားရေတိုင်ကီအဟောင်းများနှင့် ကလပ်ဘရိတ်အဟောင်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် မငြိမ်းငြိမ်းအေးအား ရွှေပြည်သာမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။