ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ သာသနာ့ဗိမာန်တော်၌ ၂၀၂၅ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ သာသနာ့ဗိမာန်တော်၌ ၂၀၂၅ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ ကျင်းပ
Ministry of Home Affairs/ Nay Pyi Taw / June 12, 2025
၂၀၂၅ ခုနှစ်၊ ဇွန် ၉ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ သာသနာ့ဗိမာန်တော်၌ ၂၀၂၅ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ စုစုပေါင်း ၁၅ ဦးတို့နှင့်အတူ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး သံဃာတော်များနှင့် သီလရှင်များ စာဖြေဆိုမှုအပေါ် လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ကာ အအေးနှင့် ရေသန့်ဗူးများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
