ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ကျောင်းကုန်းကျေးရွာ၊ အမှတ်(၄)လမ်းမကြီးဘေး၊ အဖျော်ယမကာစက်ရုံဝင်း အတွင်းရှိ အီသနော (Ethanol) 96% Tank သိုလှောင်ကန် မီးလောင်မှု
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ကျောင်းကုန်းကျေးရွာ၊ အမှတ်(၄)လမ်းမကြီးဘေး၊ အဖျော်ယမကာစက်ရုံဝင်း အတွင်းရှိ အီသနော (Ethanol) 96% Tank သိုလှောင်ကန် မီးလောင်မှု
Ministry of Home Affairs/ နေပြည်တော် / July 25, 2025
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၃ ရက် နံနက် ၉ နာရီ ၂၀ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ကျောင်းကုန်းကျေးရွာ၊ အမှတ်(၄)လမ်းမကြီးဘေး၊ အကျယ် အဝန်း ၅၀၀ x ၂၀၀၀ ပေ အဖျော်ယမကာစက်ရုံဝင်း အတွင်းရှိ ဂါလန် ၃၆၀၀၀ ဆံ့ အီသနော (Ethanol) 96% Tank သိုလှောင်ကန်၌ တပ်ဆင်ထားသည့် မိုးကြိုးလွဲအား မိုးကြိုးထိမှန်ခဲ့ပြီး အီသနော (Ethanol) သိုလှောင်ကန်ထဲသို့ လျှပ်စစ်စီးဆင်းရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၃၀ စီးဖြင့် မီးငြှိမ်း သတ်ခဲ့ရာ နံနက် ၁၀ နာရီ ၄ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ဂါလန် ၃၆၀၀၀ ဆံ့ အီသနော (Ethanol) 96% Tank သိုလှောင်ကန် အတွင်းရှိ အရက်ဆီ ၅၂၀ ဂါလန် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိပါသည်။
