ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသော ပုဂ္ဂလိကဆေးရုံ များနှင့် အထူးကုဆေးခန်းများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်ထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Ministry of Home Affairs/ နေပြည်တော် / August 23, 2025
၂ဝ၂၅ ခုနှစ်၊ ဩဂုတ် ၂၀ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသော ပုဂ္ဂလိကဆေးရုံများနှင့် အထူးကုဆေးခန်းများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်ထားခြင်း ရှိ/မရှိ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာဝင်းမြင့်သူ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။