ရေကြီးနစ်မြှုပ်မှုကြောင့် ပျက်စီးသောလယ်မြေများအတွက် မျိုးစပါးနှင့်ဓါတ်မြေဩဇာများ ထောက်ပံ့

ရေကြီးနစ်မြှုပ်မှုကြောင့် ပျက်စီးသောလယ်မြေများအတွက် မျိုးစပါးနှင့်ဓါတ်မြေဩဇာများ ထောက်ပံ့

Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / October 09, 2019


ကြာအင်းဆိပ်ကြီး အောက်တိုဘာ ၈

 ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဩဂုတ်လအတွင်းဖြစ်ပွားခဲ့သည့်ရေကြီးရေလျှံမှုများကြောင့် စိုက်ပျိုးပြီးမိုးစပါး ဧက ၄၀၀၀ ကျော်(လေးထောင်ကျော်ခန့်) ထိခိုက်ပျက်စီးခဲ့ရာ အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်၊ ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ရေကြီးနစ်မြှုပ်မှုကြောင့် ပျက်စီးလယ်မြေများအတွက် မျိုးစပါးနှင့်ဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

 ရှေ့ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ခလယ်ကျေးရွာအုပ်စု၊ မြို့ဟောင်းကျေးရွာ ကွင်းအမှတ် ၅၃၀၊ ဦးပိုင်အမှတ် ၆၄/၃၊ တောင်သူ ဦးသိန်းအောင်၏ ဝမ်းပရိုကွန်ပေါင်းဓါတ်မြေဩဇာအသုံးပြုစိုက်ပျိုးထားသည့် ဆင်းသုခ စပါးစိုက်ခင်းအား သွားရောက် ကြည့်ရှုစစ်ဆေးပြီး တောင်သူများ၏လိုအပ်ချက်များအားမေးမြန်းဆွေးနွေးရာ တောင်သူများက ယခုနှစ်တွင် နှစ်ကြိမ်ခန့်ရေကြီးနစ်မြှုပ်ခဲ့ပြီး ပြန်လည်စိုက်ပျိုးသည့်မိုးစပါးတွင် ပျမ်းမျှပင်ပွား ၁၇ ပင်ခန့် ရှိ၍ရိတ်သိမ်းသည့် အခါ ယခင်နှစ်ထက် ပိုမိုထွက်ရှိမည်ဟု ခန့်မှန်းရကြောင်း မိမိတို့ဒေသအတွက် ရေသွင်းမြောင်း ဆောင်ရွက်ပေးစေလိုကြောင်း တင်ပြဆွေးနွေးရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်း၍ အတက်နိုင်ဆုံးဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

 ထို့နောက် ကြာအင်းဆိပ်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရေကြီးနစ်မြှုပ်မှုကြောင့် ပျက်စီးသော လယ်မြေများအတွက် မျိုးစပါးနှင့်ဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် တာဝန်ရှိသူများက ထိခိုက်ပျက်စီးလယ်ဧက လေးထောင်ကျော်ခန့်အတွက် (၁၀၅)ရက်သက်တမ်း နှံကောက်မျိုးစပါး ၇၂၆ အိတ်နှင့် ကိုးရီးယားကွန်ပေါင်း ဝမ်းပရို-၂၁ ဓါတ်မြေဩဇာ ၂၀ ကီလိုဂရမ် ၂၀၀ အိတ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

အထူးသတင်း
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ သီတင်းကျွတ်လအတွက် မီးထွန်းပွဲနှင့်ကြာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • “Ceremony of Government Digitalization on Microsoft Platform and Seminar on Microsoft Cloud Solution” အခမ်းအနားကျင်းပ
  •           
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ တော်သလင်း လအတွက် လှေပြိုင်ပွဲနှင့် ယင်းမာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •