ရွေ့လျားဈေးကားစနစ်ဖြင့် ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုစွန်အမျိုးမျိုးတို့ကို ဈေးနှုန်းသက်သာစွာဖြင့်ဝယ်ယူနိုင်ရန် ရောင်းချပေးနေ
ရွေ့လျားဈေးကားစနစ်ဖြင့် ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုစွန်အမျိုးမျိုးတို့ကို ဈေးနှုန်းသက်သာစွာဖြင့်ဝယ်ယူနိုင်ရန် ရောင်းချပေးနေ
Ministry of Information/ Naypyitaw / August 01, 2022
ရန်ကုန် ဇူလိုင် ၃၁
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်)ဦးဗိုလ်ဌေးသည် အတွင်းရေးမှူး ဦးညွန့်ဖေနှင့်အတူ ယနေ့နံနက်ပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ် စက်ရုံလမ်းရှိ မအူကုန်းစည်ပင်ဝန်ထမ်းအိမ်ရာဝင်းအတွင်း ရွေ့လျားဈေးကား(Mobile Market)စနစ်ဖြင့် ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုစွန်အမျိုးမျိုးတို့ကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန် ရောင်းချပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ အသိပေးချက်များကို လိုက်နာ၍ ဈေးရောင်း/ဈေးဝယ် ပြုလုပ်ကြရန်မှာကြားပြီး Mask များ ဝေငှသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် မအူကုန်းအိမ်ရာဝင်းအတွင်းရှိ မိုးလုံလေလုံအားကစားရုံ ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ချိန်အတွင်း ပြီးစီးရေးနှင့် အားကစားပွဲများ ပြန်လည်ကျင်းပနိုင်ရေးဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဗဟန်းမြို့နယ် ရွှေတောင်ကြား(၁)ရပ်ကွက် ရွှေတောင်ကြားရိပ်သာလမ်း၊ ငွေဝတ်မှုံရိပ်သာသို့ သွားရောက်၍အဆိုပါရပ်ကွက်အတွင်း ရေပေးဝေနိုင်ရေး 110 mm HDPE ပိုက်လိုင်းအရှည် ၈၇၆ ပေ ဆက်သွယ်ရန် မြောင်းတူး ဖော်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လမ်းတစ်လျှောက်သန့်ရှင်းသာယာရေးနှင့် လမ်းများပြုပြင်ရေးဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရသည်။
သတင်းစဉ်
