ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ပန်းတင်လမ်းခွဲတွင် နေအိမ်မီးလောင်မှု

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ပန်းတင်လမ်းခွဲတွင် နေအိမ်မီးလောင်မှု

Ministry of Home Affairs/ နေပြည်တော် / March 04, 2023
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ပန်းတင်လမ်းခွဲတွင် နေအိမ်မီးလောင်မှု

    ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ပန်းတင်လမ်းခွဲတွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်နေ့၊ ၁၁ ၄၀ အချိန်ခန့်က ပိုင်ရှင် ဦးလင်းလင်းဇော်၏ (၂၀x၂၀)ပေ၊ သွပ်မိုး၊ သွပ်ကာ၊ မြေစိုက်(၁)ထပ် နေအိမ်တွင် လျှပ်စစ်ရေနွေးအိုးအပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရှမ်းပြည်နယ်တောင်ကြီးခရိုင်အတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် (၆)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁၁ ၅၂ အချိန် မီးငြိမ်းခဲ့ပါသည်။
      အဆိုပါ မီးလောင်မှုကြောင့် (၂၀x၂၀)ပေ၊ သွပ်မိုး၊ သွပ်ကာ၊ မြေစိုက်(၁)ထပ် နေအိမ်(၁)လုံး မီလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးလင်းလင်းဇော်အား တောင်ကြီးမြို့၊ အမှတ်(၂) ရဲစခန်းမှ အမှုဖွင့် အရေးယူထားပါကြောင်း သတင်းရရှိပါသည်။