လျှပ်စစ်သုံးမော်တော်ယာဉ်များ ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dryport - KM) သို့ရောက်ရှိထုတ်ပေးခဲ့ခြင်း

လျှပ်စစ်သုံးမော်တော်ယာဉ်များ ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dryport - KM) သို့ရောက်ရှိထုတ်ပေးခဲ့ခြင်း


Ministry of Planning and Finance/ Yangon, Dry Port (KM) / March 03, 2025
ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dryport - KM) သို့ တင်သွင်းလာသော လျှပ်စစ်သုံးမော်တော်ယာဉ်များ စစ်ဆေးမှုမှတ်တမ်းဓာတ်ပုံ


လျှပ်စစ်သုံးမော်တော်ယာဉ်များ ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dryport - KM) သို့ရောက်ရှိ

          အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ASIA PACIFIC AUTOMAKER CORPORATION CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SEDAN (LHD)၊ BRAND NAME: DONGFENG (AEOLUS) E70၊ 2024 MDL၊ C/O: CHINA – (9) U သည် ၂၈-၄-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ BRAND NEW HATCHBACK (LHD)၊ BRAND NAME: DONGFENG EX1 NANO BOX၊ 2023 MDL၊ C/O: CHINA – (5) U သည် ၂၈-၄-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ BRAND NEW HATCHBACK (LHD)၊ BRAND NAME: DONGFENG BOX (NAMMI 01)၊ 2024 MDL၊ C/O: CHINA – (9) U သည် ၁၇-၀၆-၂၀၂၄ ရက်နေ့တွင်လည်းကောင်း ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dryport-KM) သို့အသီးသီးရောက်ရှိခဲ့ပါသည်။ အဆိုပါ Import Declaration ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သုံးမော်တော်ယာဉ် (၂၃) စီးအား ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dryport-KM) ၌ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၂၈-၀၂-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း၊ အဆိုပါ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။

 

 

သတင်းစဉ်

HOT NEWS
January 4,