ဝက်လက်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ရပ်ကွက်အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ဆင်ခြင်တုံတရားမဲ့စွာ ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် နိုင်ငံတော်ပိုင်အဆောက်အဦဖြစ်သည့် မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ လူနာဆောင် ထိခိုက်ပျက်စီး
ဝက်လက်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ရပ်ကွက်အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ဆင်ခြင်တုံတရားမဲ့စွာ ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် နိုင်ငံတော်ပိုင်အဆောက်အဦဖြစ်သည့် မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ လူနာဆောင် ထိခိုက်ပျက်စီး
Ministry of Home Affairs/ နေပြည်တော် / June 21, 2023
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အကြမ်းဖက်မှုကိုလိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက လမ်းတံတားများအား မိုင်းထောင် ဖောက်ခွဲခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ Drop Bomb များ၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဇွန်လ ၁၇ ရက်နေ့ ညနေ ၃ နာရီ ၅၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်အတွင်းသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့အင်အား (စိစစ်ဆဲ)က အရှေ့ဘက် တစ်မိုင်ခန့်အကွာ မြင်တော်ကျေးရွာဘက်မှနေ၍ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းသို့ ရှော့တိုက်ဒုံး ၂ လုံး၊ မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ ပင်မလူနာဆောင်ပေါ်သို့ ရှော့တိုက်ဒုံးတစ်လုံးတို့ အသီးသီးကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ပင်မလူနာဆောင်အမိုးသွပ် ၁၂ ချပ်၊ မျက်နှာကြက် ၂ ချပ်နှင့် ပြတင်းပေါက်လေကာမှန် ၃ ချပ်တို့ ရှော့တိုက်ဒုံး ပေါက်ကွဲစထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ ရပ်ကွက်အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ဆင်ခြင်တုံတရားမဲ့စွာ ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။