သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူငွေများဆက်လက်လှူဒါန်း
သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူငွေများဆက်လက်လှူဒါန်း
Ministry of Information/ Naypyitaw / October 28, 2023

ရန်ကုန် အောက်တိုဘာ ၂၇
မြန်မာနိုင်ငံစာရေးဆရာအသင်းက ၁၃၈၅ ခုနှစ် မြန်မာနိုင်ငံ စာဆိုတော်နေ့အထိမ်းအမှတ် (၃၆)ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် စေတနာရှင်များ က အလှူငွေများ ဆက်လက်လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းရာတွင် ဦးစိုးမြင့်(စိုးမှူး)- ဒေါ်ကြည်ကြည်ခင် (စိုးကြည်ဖြူ)၊ သမီး-အကယ်ဒမီ စိုးမြတ်သူဇာ(စိုးမြတ်သူဇာ) မိသားစုက အလှူငွေကျပ်သုံးသိန်း၊ ဒေါက်တာနေဝင်း စိတ်ကျန်းမာရေး ဖောင်ဒေးရှင်းနှင့် ဒေါက်တာမောင်မောင်မြင့်-စာရေးဆရာမ ဝတ်ရည်ခင်(ပဲခူး) (ဥက္ကဋ္ဌ၊ ပဲခူးမြို့နယ်စာရေးဆရာ အသင်း)တို့က ငွေကျပ်နှစ်သိန်းစီ၊ ဘဒ္ဒန္တ ကေလာသ(အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ) ပဏ္ဍိတာရာမ စာသင်တိုက်၊ သီရိပျံချီ ဗိုလ်ချုပ်စိန်ထွား-ငြိမ်း(ညိုထွေး)၊ ဒုတိယ ဗိုလ်မှူးကြီးဖေငြိမ်း-ငြိမ်း(ကျော်စောဟန်)၊ ဆရာကြီးကပ္ပတိန် သာစိန်(မိသားစု) တောင်ဥက္ကလာပမြို့နယ်၊ ဦးသန်းဝင်း (မင်းယဉ်စု) မိသားစု၊ ဦးခင်မောင်ညွန့် (တက္ကသိုလ်ခိုင်ထွန်း-ဖျာပုံ)၊ ဆရာမကြီး ဗိုလ်ချို မြေတင်တင်ဝင်း (ရန်ကင်းမြို့နယ်)၊ ဗဟန်းမြို့နယ် စာရေးဆရာ အသင်းနှင့် ရန်ကင်းမြို့နယ်စာရေးဆရာအသင်းတို့က ငွေကျပ် တစ်သိန်းစီ၊ မြောင်းမြမြို့နယ် စာရေးဆရာအသင်းနှင့် ရွှေပြည်သာမြို့နယ်စာရေးဆရာ အသင်းတို့က ငွေကျပ်ငါးသောင်းစီ၊ ဆရာဘုန်းမောင်ဝင်း(ဖျာပုံ)၊ ဒေါ်ခင်တင့်ဝေ (ခင်တင့်ဝေ မြို့တော်စည်ပင်)၊ မြဝတီသတင်းစာတိုက်နှင့် ပုဏ္ဏားကျွန်းမြို့နယ် စာရေးဆရာ အသင်းတို့က ငွေကျပ်သုံးသောင်းစီ ပေးအပ်လှူဒါန်းကြရာ ဒုတိယဥက္ကဋ္ဌ(၁) ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး)၊ အတွင်းရေးမှူးဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)နှင့် တွဲဖက်အတွင်းရေးမှူး(၁)ဦးအောင်သန်းဦး (ပုသိမ်အောင်သန်းဦး) တို့ကလက်ခံရယူသည်။
အလှူငွေဖြစ်စေ၊ အလှူပစ္စည်းဖြစ်စေ လှူဒါန်းလိုပါက မြန်မာနိုင်ငံစာရေးဆရာအသင်း၊ အမှတ် (၁၇၃/၁၇၅) ပန်းဆိုး တန်းလမ်း (အလယ်) ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၅၂၄၁၇၊ ၀၉-၄၅၀၀၉၀၄၈၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။
သတင်းစဉ်