သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ LMS Learning Platform အတွက် LMS Online သင်ကြားရေးသင်တန်းဖွင့်ပွဲကျင်းပ
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ LMS Learning Platform အတွက် LMS Online သင်ကြားရေးသင်တန်းဖွင့်ပွဲကျင်းပ
Ministry of Cooperatives and Rural Development/ Naypyitaw / January 17, 2023

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ (၁၂.၁.၂၀၂၃) ရက်နေ့ နံနက်ပိုင်း (၁ဝး၀၀)နာရီတွင် LMS Learning Platform အတွက် LMS Online သင်ကြားရေး သင်တန်းဖွင့်ပွဲကို Conference Room တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဝင်းနိုင်ထွန်း၊ သင်ကြားရေးဌာန (၁၁)ဌာနမှ ပါမောက္ခ(ဌာနမှူး)၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)များ၊ သင်တန်းရေးရာဌာန၊ စီမံရေးရာဌာနနှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနတို့မှ ဌာနမှူးများ၊ သင်တန်းတက်ရောက်မည့် ဆရာ၊ ဆရာများ ၊ Global Link Asia Myanmar Co;Ltd မှ ဦးထိန်လင်းအောင် (Software စီမံကိန်း တာဝန်ခံ)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အဖွင့်အမှာစကား ပြောကြားရာတွင် Covid 19 ကာလမှစ၍ Online Learning သည် တက္ကသိုလ်တိုင်းအတွက် အရေးပါသည့် အခန်းကဏ္ဍတစ်ခု ဖြစ်ကြောင်း၊ ယခု အကောင်အထည်ဖော် ဆောင်ရွက်နေသည့် LMS Learning Platform သည်လည်း တက္ကသိုလ်၏ သင်ကြားရေးအတွက် အထောက်အကူပြုမည့် စနစ်တစ်ခုဖြစ်ပါကြောင်း၊ Learning Management System အသုံးပြုခြင်း သင်တန်းမှ သင်ကြားမည့် နည်းစနစ်များကို ဂရုတစိုက် လေ့လာ မှတ်သားပြီး လက်တွေ့လိုက်နာ ကျင့်သုံးပြီး ထိထိရောက်ရောက် ပြန်လည် အကောင်အထည်ဖော်ကြရန်၊ မကြာမီ ဖွင့်လှစ်မည့် HRD Program သင်တန်းများတွင် လည်း ပြန်လည်အားထုတ် ကြိုးစားသွားကြရန်၊ Blended Learning System အသုံးပြုပြီး သင်ကြားရေးပိုင်းကို ပိုမိုအောင်မြင်အောင် ကြိုးစားကြရန်၊ ယခု LMS သင်တန်းတွင်လည်း သေချာလေ့လာမှတ်သား သင်ယူစေလိုကြောင်း၊ သင်တန်းဖွင့်ပွဲကို တက်ရောက်ပေးကြသည့် တာဝန်ရှိသူများနှင့် လာရောက်သင်ကြားပေးသည့် Global Link Asia Myanmar Co., Ltd မှ ဦးထိန်လင်းအောင် (Software စီမံကိန်း တာဝန်ခံ)ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ Global Link Asia Myanmar Co.,Ltd မှ ဦးထိန်လင်းအောင် (Software စီမံကိန်းတာဝန်ခံ)မှ Learning Management System နှင့်ပတ်သက်၍ သိကောင်းစရာများကို Presentation တင်ပြခဲ့ပြီး တက်ရောက်လာကြသည့် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီနှင့် ဆရာ၊ဆရာမများက သိလိုသည်များနှင့် ထပ်မံဖြည့်သွင်းရန် လိုအပ်သည်များအား ဝိုင်းဝန်း ဆွေးနွေးခဲ့ကြပြီး နောက်မွန်းလွဲ (၁၂း၀၀)နာရီတွင် အခမ်းအနား အောင်မြင်စွာ ပြီးစီးခဲ့ပါ သည်။ Learning Management System Learning Platform အတွက် LMS Online သင်ကြားရေးသင်တန်းကို (၁၂.၁.၂၀၂၃)ရက်နေ့ နေ့လည် (၁းဝဝ)နာရီမှ စ၍ (၂၇.၁၂.၂၀၂၃) ရက်နေ့ထိ သင်တန်းပို့ချမည် ဖြစ်ပါသည်။