သမဝါယမအသင်းစုလီမိတက်များ၏ အသင်းဆိုင်များက လူသုံးကုန်နှင့် အိမ်သုံးကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချ
သမဝါယမအသင်းစုလီမိတက်များ၏ အသင်းဆိုင်များက လူသုံးကုန်နှင့် အိမ်သုံးကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချ
Ministry of Information/ Naypyitaw / January 03, 2024
ကျိုက်ထို ဇန်နဝါရီ ၂
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သမဝါယမအသင်းစုလီမိတက်နှင့် ပေါင်မြို့နယ်သမဝါယမအသင်း စုလီမိတက်များ၏ အသင်းဆိုင်များမှ အသင်းသားပြည်သူများ လူသုံးကုန်နှင့် အိမ်သုံးကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိသည်။ အသင်းစုများမှ စတိုးဆိုင်၊ ကုန်ပဒေသာဆိုင်၊ ဆန်အရောင်းဆိုင်လုပ်ငန်းများနှင့် အိမ်ဆောက်ပစ္စည်းအမျိုးမျိုး၊ စတီးပစ္စည်းအမျိုးမျိုး ရောင်းချလျက်ရှိသည့်အပြင် သံပန်းသံတံခါးများ တပ်ဆင်ပေးခြင်း၊ အိမ်အလှဆင်ခြင်းစသည့် အိမ်အရောက် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများကို မြို့နယ်အတွင်း သင့်တင့်သောဈေးနှုန်းများဖြင့် လိုက်လံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
