သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်
သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်
Ministry of Information/ Naypyitaw / November 11, 2021
နေပြည်တော် နိုဝင်ဘာ ၁၀
သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ် (၄၀) ကို နိုဝင်ဘာ ၁၂ ရက် ညနေတွင် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။
အဆိုပါ ပွဲစဉ်(၄၀)၏ ကိုဗစ်-၁၉ဆိုင်ရာ အသိပညာပေး အစီအစဉ်ကို အစီအစဉ်တင်ဆက်သူ စိုးသီဟနှင့် ဂျေနော်တို့က တင်ဆက်ကြမည် ဖြစ်ပြီး မိသားစု လေးစုဖြင့် သုံးပွဲယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲ များကို နိုဝင်ဘာ (၁၂၊ ၁၃၊ ၁၄) ရက်များတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ညနေ ၆ နာရီ သတင်းအပြီး၌ ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်