ဟုမ္မလင်းမြို့နယ်၊ ကက်သာကျေးရွာတွင် နေအိမ်မီးလောင်မှု
ဟုမ္မလင်းမြို့နယ်၊ ကက်သာကျေးရွာတွင် နေအိမ်မီးလောင်မှု
Ministry of Home Affairs/ နေပြည်တော် / May 25, 2022

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ကက်သာကျေးရွာတွင် ၂၀၂၂ ခုနှစ်၊ မေလ ၂၁ ရက်နေ့၊ ၁၄၃၀ အချိန်ခန့်က ပိုင်ရှင် ဦးမောင်ကျန်၏ (၇၂x၅၄)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း (၁)ထပ် နေအိမ်တွင် ဆိုလာပြားအပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဟုမ္မလင်းမြို့နယ်မီးသတ်စခန်းနှင့် ကက်သာနယ်မြေမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် (၃) စီးဖြင့် သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ရာ ၁၄၅၅ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။
အဆိုပါ မီးလောင်မှုကြောင့် နေအိမ် (၂) လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဦးမောင်ကျန်၏ ယောက်ဖဖြစ်သူ ဦးချစ်ကိုအား ဟုမ္မလင်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိ ပါသည်။

