အကျဉ်းဦးစီးဌာနကွပ်ကဲမှုအောက်ရှိ အကျဉ်းထောင်/အချုပ်ထောင်/စခန်းတို့တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယ)အကြိမ် ထိုးနှံပေးမှု

အကျဉ်းဦးစီးဌာနကွပ်ကဲမှုအောက်ရှိ အကျဉ်းထောင်/အချုပ်ထောင်/စခန်းတို့တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယ)အကြိမ် ထိုးနှံပေးမှု


Ministry of Home Affairs/ နေပြည်တော် / September 03, 2021
၃ဝ-၈-၂ဝ၂၁ ရက်နေ့တွင် မြစ်ကြီးနားအကျဉ်းထောင်မှ အကျဉ်းသား/သူ၊ အချုပ်သား/သူများအား ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေပုံ


အကျဉ်းဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများ ကွပ်ကဲမှုအောက်ရှိ အကျဉ်းထောင်/ အချုပ်ထောင်/စခန်းများတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူများနှင့် အမှုရင်ဆိုင်လျက် ရှိသော အချုပ်သား/သူများအား (ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး လျက်ရှိရာ ၃၀-၈-၂၀၂၁ ရက်နေ့၌ အကျဉ်းထောင်/အချုပ်ထောင်/စခန်း ၂၁ ခုတွင် အကျဉ်းသား ၂၈၀၄ ဦး၊ အကျဉ်းသူ ၃၅၈ ဦး၊ အချုပ်သား ၂၈၆၇ ဦး အချုပ်သူ ၁၄၆ ဦး၊ ပေါင်း ၆၁၇၅ ဦး တို့အား အကျဉ်းထောင်မှဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။