ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့မှုကြောင့် လမ်းဖြတ်ကူးသူ ကလေး တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့မှုကြောင့် လမ်းဖြတ်ကူးသူ ကလေး တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
Ministry of Home Affairs/ နေပြည်တော် / October 27, 2025
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့မှုကြောင့် လမ်းဖြတ်ကူးသူ ကလေး တစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂၆ ရက် နံနက် ၇ နာရီ ၄၀ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာအနီး ပန်းတနော်-ဝါးခယ်မသွားကားလမ်း မိုင်တိုင်အမှတ် ၅ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပန်းတနော်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၉)ရပ်ကွက်နေ ဦးမောင်ထွေး(၅၈)နှစ် မောင်းနှင်လာသည့် YGN-3/ HH-XXXX MG MG5 EV မော်တော်ယာဉ်သည် ပန်းတနော်မြို့မှ ဝါးခယ်မမြို့ဘက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ လမ်းဖြတ်ကူးသူ ပန်းတနော်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာနေ မောင်နေထက်လင်း(၁၀)နှစ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သဖြင့် မောင်နေထက်လင်းတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် ဦးမောင်ထွေး အား ပန်းတနော်မြို့မရဲစခန်း ယာဉ်(ပ)၂၃/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
