ဧရာ၀တီတိုင်းဒေသကြီး ပုသိမ်စက်မှုမြို့တော်၀န်းအတွင်း Shuang Xi (Pathein) Garment Co., Ltd အထည်ချုပ်စက်ရုံ စမ်းသပ်လည်ပတ်

ဧရာ၀တီတိုင်းဒေသကြီး ပုသိမ်စက်မှုမြို့တော်၀န်းအတွင်း Shuang Xi (Pathein) Garment Co., Ltd အထည်ချုပ်စက်ရုံ စမ်းသပ်လည်ပတ်


Ministry of Information/ Naypyitaw / July 27, 2022
image_latest


ဧရာ၀တီတိုင်းဒေသကြီး ပုသိမ်စက်မှုမြို့တော်၀န်းအတွင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂.၇၇၀ သန်း တည်ဆောက်ပြင်ဆင်ကာလ (၁)နှစ်၊ အတည်ပြုအမိန့် သက်တမ်းအနှစ် (၃၀)ဖြင့် ပြည်ပနိုင်ငံသားများမှ လာရောက် ရင်းနှီးမြှုပ်နှံလျက်ရှိသော Shuang Xi (Pathein) Garment Co.,Ltdမှ CMP အထည်ချုပ်လုပ်ငန်း စတင်စမ်းသပ် လည်ပတ်လျက်ရှိပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပုဒ်မ-၂၅(ဃ)အရ ဧရာ၀တီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုမိန့် အမှတ် ဧရာ-၀၆၆/၂၀၂၁ ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် အထည်ချုပ်လုပ်ငန်း လုပ်ကိုင် ရန်ခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

အထည်ချုပ်လုပ်ငန်းအတွက် ကုန်ကြမ်းများကို ပြည်ပမှ မှာယူတင်သွင်း၍ ကုန်ချောအဖြစ် JAKO၊ UHL Sport အမှတ်တံဆိပ် အ၀တ်အထည်များ ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့ရောင်းချသွားမှာ ဖြစ်ကြောင်း လက်ရှိစက်ရုံတွင် ပြည်ပနိုင်ငံသား (၃)ဦး၊ လုပ်သားဦးရေ (၄၆၈)ဦးဖြင့် လုပ်ကိုင်လျှက်ရှိပြီး ယခုလိုဧရာ၀တီ တိုင်းဒေသကြီးအတွင်း ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာသည့်အတွက် ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိသလို ပြည်ပ၀င်ငွေလည်း ရရှိမှာဖြစ်ကြောင်း နောက်ပိုင်းတွင် စက်ရုံမှလုပ်သားအသစ်များ ထပ်မံခန့်ထားရန် စီစဉ်လျှက်ရှိပြီး စုစုပေါင်း လုပ်သားဦးရေ (၁၃၀၀) ကျော်ဖြင့် လုပ်ကိုင်သွားမှာ ဖြစ်ကြောင်း စက်ရုံမန်နေဂျာထံမှ သိရသည်။

DOCA(ဧရာဝတီ)