၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပ
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပ
Ministry of Education/ location / December 06, 2023
နေပြည်တော် ၂၀၂၃ ဒီဇင်ဘာ ၆
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အခြေခံပညာကျောင်းသားအား ကစားပွဲတော်ကို ဒီဇင်ဘာ ၅ ရက်မှ ၁၅ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း အားကစားရုံများနှင့် လယ်ဝေးအားကစား လေ့ကျင့်ရေးစခန်းတို့တွင် ကျင်းပလျှက်ရှိရာ ယနေ့ နံနက်ပိုင်းမှ စတင်ပြီး အားကစားနည်းများအလိုက် ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
ယနေ့နံနက် ၇ နာရီတွင် လယ်ဝေး အားကစားလေ့ကျင့်ရေးစခန်း၌ ပြေးခုန်ပစ်ပြိုင်ပွဲ၏ ဒုတိယနေ့ပွဲစဉ်အဖြစ် အမျိုးသမီး မီတာ ၃၀၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး အလျားခုန်ပြိုင်ပွဲ၊ အမျိုး သား မီတာ ၈၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၈၀၀အပြေးပြိုင်ပွဲ၊ အမျိုးသား အလျားခုန်ပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၁၀၀ လက်ဆင့်ကမ်းပြိုင်ပွဲနှင့် အမျိုးသား မီတာ ၁၀၀ လက် ဆင့်ကမ်းပြိုင်ပွဲများကို ကျင်းပကြရာ အမျိုးသမီး မီတာ ၃၀၀၀အပြေးပြိုင်ပွဲတွင် မစုနှင်းဝေ(မကွေး)က ပထမ၊ မမီမီဟန် (ရန်ကုန်)က ဒုတိယ၊ မကြယ်စင်သန့်(မန္တလေး) က တတိယ ရရှိကြသည်။ အမျိုးသမီး အလျားခုန် ပြိုင်ပွဲတွင် မပြည့်ဖူးဝေ(ကချင်)က ပထမ မနှင်းအိအောင်(မကွေး)က ဒုတိယ၊ မစိုးစန္ဒာထက် (ဧရာဝတီ) က တတိယရရှိကြသည်။ အမျိုးသား မီတာ ၈၀၀ အပြေးပြိုင်ပွဲတွင် မောင်သက်အောင် (မန္တလေး)ကပထမ၊ မောင်နက်ရှိုင်း (တနင်္သာရီ)က ဒုတိယ၊ မောင်ထက်စိုးခန့် (ကရင်)က တတိယ ရရှိကြသည်။
အမျိုးသမီးမီတာ ၈၀၀ အပြေးပြိုင်ပွဲတွင် မမေနွယ်ထွန်း(မကွေး)က ပထမ၊ မပြည့်ပြည့် (တနင်္သာရီ)က ဒုတိယ၊ မဝေနှင်းဦး(ရှမ်း)က တတိယ ရရှိကြသည်။ အမျိုးသား အလျားခုန်ပြိုင်ပွဲတွင် မောင်ဇော်လင်းထက်(ဧရာဝတီ)က ပထမ၊ မောင်နှိုင်းဆက်ထွန်း (ကချင်)က ဒုတိယ၊ မောင်အောင် ခန့်သူ (မန္တလေး)က တတိယ ရရှိကြသည်။ အမျိုးသမီး မီတာ ၁၀၀ လက်ဆင့်ကမ်း ပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးက ပထမ၊ မကွေးတိုင်းဒေသကြီးက ဒုတိယ၊ ကချင်ပြည်နယ်က တတိယ ရရှိကြသည်။ အမျိုးသားမီတာ ၁၀၀ လက်ဆင့်ကမ်းပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးက ပထမ၊ မန္တလေးတိုင်းဒေသကြီးက ဒုတိယ၊ မကွေးတိုင်းဒေသကြီးက တတိယရရှိကြရာ ပြိုင်ပွဲများအပြီးတွင် သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများကို ချီးမြှင့်ပေးကြသည်။
ထို့ပြင် ယနေ့နံနက်မှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ Boxing အားကစားခန်းမ၌ ကျင်းပသည့် အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရန်ကုန်က မန္တလေးအသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ ဧရာဝတီက စစ်ကိုင်းအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ တနင်္သာရီအသင်းက နေပြည်တော်အသင်းကို နှစ်ပွဲ-တစ်ပွဲဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းက ကရင်ပြည်နယ် အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိကြသည်။ အမျိုးသား ပိုက်ကျော်ခြင်းပွဲစဉ်တွင် ရန်ကုန်က ကချင်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ တနင်္သာရီက မကွေးကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ စစ်ကိုင်းက ရှမ်းပြည်နယ် အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ မန္တလေးက ပဲခူးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိကြသည်။
ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (C) ရုံ၌ ကျင်းပသည့် အမျိုးသားကြက်တောင်ရိုက်ပြိုင်ပွဲတွင် နေပြည်တော်က မွန်ပြည်နယ်အသင်းကို သုံးပွဲ-တစ်ပွဲဖြင့်လည်းကောင်း၊ ကချင်က ကရင်ကို သုံးပွဲ-တစ်ပွဲဖြင့်လည်းကောင်း၊ ရှမ်းက မန္တလေးကို သုံးပွဲ-တစ်ပွဲဖြင့်လည်းကောင်း၊ ရန်ကုန်က စစ်ကိုင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိကြပြီး အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲတွင် ကရင်က စစ်ကိုင်းကို သုံးပွဲ-တစ်ပွဲဖြင့်လည်းကောင်း၊ ရန်ကုန်က ကချင်ကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ နေပြည်တော်က တနင်္သာရီကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ ဧရာဝတီက ရှမ်းကို သုံးပွဲ-တစ်ပွဲ ဖြင့်လည်းကောင်း အနိုင်ရရှိကြသည်။ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(A)ရုံ၌ ကျင်းပသည့် အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် တနင်္သာရီက မန္တလေးကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ မကွေးက ရန်ကုန်ကို သုံးပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိကြပြီး အမျိုးသားပြိုင်ပွဲတွင် မန္တလေးက ဧရာဝတီကို သုံးပွဲပြတ် ဖြင့်လည်းကောင်း၊ ရှမ်းက မကွေးကို သုံးပွဲ-တစ်ပွဲဖြင့်လည်းကောင်း အနိုင်ရရှိကြသည်။ စားပွဲတင်တင်းနစ်ပြိုင်ပွဲ အမျိုးသားပွဲစဉ်တွင် ပဲခူးက နေပြည်တော်ကို သုံးပွဲ-တစ်ပွဲဖြင့်လည်းကောင်း၊ ကချင်က ကရင်ကို သုံးပွဲ-တစ်ပွဲဖြင့်လည်းကောင်း၊ ရန်ကုန်က ဧရာဝတီကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ ရှမ်းက မကွေးကို သုံးပွဲ-နှစ်ပွဲဖြင့်လည်းကောင်း အနိုင်ရရှိကြပြီး အမျိုးသမီးပွဲစဉ်တွင် ဧရာဝတီက နေပြည်တော်ကို သုံးပွဲ-တစ်ပွဲဖြင့်လည်းကောင်း၊ ကရင်က တနင်္သာရီကို သုံးပွဲ-တစ်ပွဲဖြင့် လည်းကောင်း၊ စစ်ကိုင်းက ရန်ကုန်ကို သုံးပွဲ-နှစ်ပွဲဖြင့်လည်းကောင်း၊ ပဲခူးက မန္တလေးကို သုံးပွဲ-နှစ်ပွဲ ဖြင့်လည်းကောင်း အနိုင်ရရှိကြသည်။ အမျိုးသားဘောလုံးပြိုင်ပွဲတွင် မန္တလေးနှင့် တနင်္သာရီ လေးဂိုးစီဖြင့် သရေကျပြီး ကချင်က မွန်ကို ငါးဂိုး-လေးဂိုးဖြင့် အနိုင်ရရှိပြီး အမျိုးသမီး ဘောလုံးပြိုင်ပွဲ တွင် ရှမ်းက မန္တလေးကို လေးဂိုးပြတ်ဖြင့်လည်းကောင်း၊ ဧရာဝတီက ကချင်ကို လေးဂိုး-တစ်ဂိုးဖြင့် လည်းကောင်း အနိုင်ရရှိကြကြောင်း သိရသည်။
