“ချစ်စရာ့အရွယ်ကစားကြမယ်” ကလေးအစီအစဉ် မြန်မာ့ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့်မည်

“ချစ်စရာ့အရွယ်ကစားကြမယ်” ကလေးအစီအစဉ် မြန်မာ့ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့်မည်


Ministry of Information/ Naypyitaw / November 07, 2024
image_latest


နေပြည်တော် နိုဝင်ဘာ ၆

“ချစ်စရာ့အရွယ်ကစားကြမယ်” ကလေးအစီအစဉ်ကို MRTV HD Channelမှ အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့်ပြသလျက်ရှိရာ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ ရက် (စနေနေ့) နံနက် ၁၁ နာရီတွင် ကန်ရိပ်သာမူလတန်းကြိုကျောင်းနှင့် အလုံမူလတန်းကြိုကျောင်းတို့မှ ကလေးငယ်များ ပါဝင်ကစားကြပုံများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ဆက်လက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ကြည့်ရှုနိုင်မည်

အဆိုပါအစီအစဉ်ကို ကလေးများ ကိုယ်ခန္ဓာသန်စွမ်းပြီး စိတ်ရွှင်လန်းစေရန်၊ ကလေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကလေးငယ်များအချင်းချင်း ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံတတ်စေရန် ရည်ရွယ်ချက်များဖြင့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ စီစဉ်တင်ဆက်ခြင်း ဖြစ်ပြီး MRTV App မှလည်း Streaming ထုတ်လွှင့်မည်ဖြစ်ရာ တစ်ချိန်တည်းကြည့်ရှုနိုင်မည်ဖြစ်သည်။

ယင်းအစီအစဉ်ကို MRTV App ၏ Youth Sector နှင့် MRTV Telegram တို့တွင်လည်း ဆက်လက်လွှင့်တင်ထားမည်ဖြစ်၍ ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည့်အပြင် နိုဝင်ဘာ ၁၁ ရက် (တနင်္လာနေ့) ညနေ ၄ နာရီ သတင်းအပြီးတွင်လည်း Replay ထပ်မံပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်