“တူယှဉ်နွှဲပျော် ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ ဒုတိယအဆင့်ပွဲစဉ်၊ ပြဋ္ဌာန်းသီချင်းသီဆိုမှု မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက် Live ပြသမည်

“တူယှဉ်နွှဲပျော် ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ ဒုတိယအဆင့်ပွဲစဉ်၊ ပြဋ္ဌာန်းသီချင်းသီဆိုမှု မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက် Live ပြသမည်


Ministry of Information/ Naypyitaw / February 06, 2022
image_latest


နေပြည်တော်  ဖေဖော်ဝါရီ  ၅

စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် “တူယှဉ်နွှဲပျော်ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ ဒုတိယ အဆင့်ပွဲစဉ်၊ ပြဋ္ဌာန်းသီချင်းသီဆိုမှုကို ဖေဖော်ဝါရီ ၆ ရက် (တနင်္ဂနွေနေ့)ညတွင် မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့်မည်။

တူယှဉ်နွှဲပျော်ဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၆ ရက်မှစတင်၍ အပတ်စဉ် သောကြာနေ့ညတိုင်း ကျင်းပခဲ့ရာ ယခုအခါ ဒုတိယအဆင့်ပြိုင်ပွဲကို ပြိုင်ပွဲဝင် ၁၀ ဦးဖြင့် ဖေဖော်ဝါရီ ၄ ရက်တွင် စိတ်ကြိုက်တေးသီချင်းများဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး ဖေဖော်ဝါရီ ၆ ရက်တွင် ပြဋ္ဌာန်းတေးသီချင်းများဖြင့် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ယှဉ်ပြိုင်သီဆိုကြမည်

အဆိုပါပွဲစဉ်၌ တိုင်းရင်းသားပြိုင်ပွဲဝင်များ ဖြစ်ကြသည့် မကွေးတိုင်းဒေသကြီးမှ MF01 မြတ်နိုးစံ၊  ရန်ကုန်တိုင်းဒေသကြီးမှ MF2 ကြူကြူခိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ MF03 ရေဂျီနား၊ မန္တလေးတိုင်း ဒေသကြီးမှ MF04 ဇော်ထွေးလတ်၊ ကချင်ပြည်နယ်မှ MF05 အရိန့်၊ ဧရာဝတီတိုင်းဒေသကြီးမှ MF06 ဇင်သူသူထွန်း၊ ဧရာဝတီတိုင်းဒေသကြီးမှ MF07 ချိုမီမီဇော်၊ ကရင်ပြည်နယ်မှ MF08 ချမ်းဟိန်းဝင်းထွန်း၊ ရန်ကုန်တိုင်းဒေသကြီးမှ MF09 ဈာန်ထူး၊ ပဲခူးတိုင်းဒေသကြီးမှ MF10 ချစ်နုတို့က ယှဉ်ပြိုင် သီဆိုကြမည်ဖြစ်ပြီး The Ensemble တေးဂီတအဖွဲ့မှ တီးခတ်ပေးမည်ဖြစ်သည်။

ပထမပွဲစဉ် အုပ်စုပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်အဖွဲ့၏ အမှတ်ပေးမှုဖြင့် ဆောင်ရွက်ခဲ့သော်လည်း ဒုတိယ အဆင့်နှင့် တတိယအဆင့်ပြိုင်ပွဲများတွင် အကဲဖြတ်ဒိုင်များ အမှတ်ပေးမှုအပြင် ပရိသတ်များအနေဖြင့် MPTနှင့် Mytel SIM Card များကို အသုံးပြု၍ Voting မဲပေးနိုင်မည်ဖြစ်ရာ မိမိတို့ကြိုက်နှစ်သက်သည့် ပြိုင်ပွဲဝင်ကို Voting Time သတ်မှတ်ချိန်အတွင်း SMS ပေးပို့မဲပေးခြင်းကို အရေအတွက် အကန့် အသတ်မရှိဘဲ MPT Sim Card များမှ ကုဒ်နံပါတ် “7522" သို့လည်းကောင်း၊ Mytel Sim Card များမှ ကုဒ်နံပါတ် “7575” သို့ လည်းကောင်း SMS ဖြင့် ပြိုင်ပွဲဝင်၏ MF နံပါတ်ကို ရိုက်နှိပ်၍ ပေးပို့နိုင်မည် ဖြစ်သည်။ ယင်းပြိုင်ပွဲကို ဒုတိယအကြိမ်အဖြစ် ဖေဖော်ဝါရီ ၇ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီခွဲ တွင် ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်သည်။

ပွဲစဉ်၏ နောက်ဆုံးသုံးပွဲကို ရန်ကုန်မြို့ ပြည်သာယာရှိ မြဝတီမီဒီယာစင်တာတွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၄ ရက် (သောကြာနေ့)၊ ဖေဖော်ဝါရီ ၆ ရက်(တနင်္ဂနွေနေ့)နှင့်ဖေဖော်ဝါရီ ၁၁ ရက် (သောကြာ နေ့) ညများတွင်တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်