(၁၀)ကြိမ်မြောက် မဲခေါင်စာပေဆု ဂုဏ်ပြုညစာစားပွဲကျင်းပ

(၁၀)ကြိမ်မြောက် မဲခေါင်စာပေဆု ဂုဏ်ပြုညစာစားပွဲကျင်းပ


Ministry of Information/ ရန်ကုန်မြို့ / October 15, 2019
image_latest


ရန်ကုန် အောက်တိုဘာ ၁၄

(၁၀)ကြိမ်မြောက် မဲခေါင်စာပေဆု ဂုဏ်ပြုနှုတ်ဆက် ညစာစားပွဲကို အောက်တိုဘာ ၁၃ ရက် ည ၇ နာရီက ကရဝိက်နန်းတော်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်အားပေးခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်း (ဆရာမနုဿကျော်ဝင်း) က ဂုဏ်ပြုနှုတ်ဆက် စကားပြောကြားပြီး (၁၁)ကြိမ်မြောက် မဲခေါင်စာပေ ဆုပေးပွဲကျင်းပရန် အိမ်ရှင်နိုင်ငံအဖြစ် တာဝန်ယူဆောင်ရွက်မည့် ကမ္ဘောဒီးယားနိုင်ငံ(ခမာ) စာရေးဆရာအသင်း အား မဲခေါင် စာပေဆုအလံကို လွှဲပြောင်းပေးအပ်သည်။

ဆက်လက်၍ ကမ္ဘောဒီးယားနိုင်ငံ ခမာစာရေးဆရာအသင်းဥက္ကဋ္ဌ Mr. Proeung Pranit က နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံစာရေးဆရာ အသင်းက မဲခေါင်ဒေသအတွင်းနိုင်ငံ စာရေးဆရာအသင်းများသို့ အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့သည်။

ယင်းနောက် မဲခေါင်စာပေကျင်း ပရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းကော်မတီက ဂုဏ်ပြုညစာ ဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)

HOT NEWS
January 4,