(၂၇) ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) ဝူရှူးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

(၂၇) ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) ဝူရှူးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ


Ministry of Information/ Naypyitaw / November 14, 2023
image_latest


နေပြည်တော် နိုဝင်ဘာ ၁၃

(၂၇)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) ဝူရှူးပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ်အားကစားရုံ(နဝဒေး)၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အဖွင့်ပွဲစဉ်အဖြစ် ပြိုင်ပွဲအမျိုးအစားအလိုက် ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါ(၂၇)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) ဝူရှူးပြိုင်ပွဲကို ပြိုင်ပွဲဝင် အသင်း ၁၀ သင်းဖြင့် နိုဝင်ဘာ ၁၇ ရက်ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်