(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း(BE.FALLS)တွင် Sky Cable Car စတင်ဖွင့်လှစ်ပြေးဆွဲ

(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း(BE.FALLS)တွင် Sky Cable Car စတင်ဖွင့်လှစ်ပြေးဆွဲ


Ministry of Information/ Naypyitaw / February 12, 2023
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၂

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (BE.FALLS) တွင် Sky Cable Car စတင်ဖွင့်လှစ်ပြေးဆွဲခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်-လားရှိုး ကားလမ်းမကြီးအနီးရှိ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (BE.FALLS)အား နိုင်ငံတကာအဆင့်မီ အပန်းဖြေစခန်းတစ်ခုအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကစတင်ဖွင့်လှစ်ခဲ့ပြီး အေးချမ်းပျော်ရွှင်စွာ လာရောက်လေ့လာ အပန်းဖြေအနားယူသူများဖြင့် နေ့စဉ်စည်ကားလျက်ရှိကြောင်း သိရသည်။

ယခုအခါ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (BE.FALLS)အနေဖြင့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပတ်ဝန်းကျင်ရှုခင်းများကို အမြင့်မှကြည့်ရှုနိုင်ပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ် စီးနင်းနိုင်မည့် Sky cable Car ပြေးဆွဲခြင်းကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ အဆိုပါ Sky cable Car ပြေးဆွဲမည့်လမ်းကြောင်းအနေဖြင့် အသွား/အပြန်(၁၁၀၈)မီတာ ရှည်လျားကာ Drive Station House၊ Return Station House အဆောက်အဦ(၂)လုံး၊ Tower (၆)ခုပါဝင်တည်ဆောက်ထားပြီး လူလိုက်ပါစီးနင်းနိုင်သည့် (၄)ယောက်စီး Cabins (၃၆)လုံး တပ်ဆင်မောင်းနှင်လျက်ရှိကြောင်း၊ အသွား/အပြန် Full Circle တစ်ပတ်လျှင် (၂၄)မိနစ် ခန့် ကြာမြင့်မည်ဖြစ်ကြောင်း၊ Skycable Way တည်ဆောက်ခြင်း၊ စမ်းသပ်မောင်းနှင်ခြင်း၊ Safety Precaution၊ Emergemcy Rescue Drills ဆောင်ရွက်ခြင်းလုပ်ငန်းများအား အောင်မြင်စွာစစ်ဆေးစမ်းသပ်ဆောင်ရွက်ပြီးဖြစ်၍ လာရောက်လည်ပတ် အပန်းဖြေအနားယူသူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် Sky Cable Car စီးနင်းနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (BE.FALLS) အနေဖြင့် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ် အပန်းဖြေအနားယူသူများ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်ရေးအတွက် အဆင့်မြင့်တင်မှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,