(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်း Mountain Bike ဖိတ်ခေါ်စက်ဘီးပြိုင်ပွဲ ကျင်းပ
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်း Mountain Bike ဖိတ်ခေါ်စက်ဘီးပြိုင်ပွဲ ကျင်းပ
Ministry of Information/ Naypyitaw / January 15, 2024
ရန်ကုန် ဇန်နဝါရီ ၁၄
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး စက်ဘီးဆပ်ကော်မတီနှင့် Sky Food Tea Shop တို့ ပူးပေါင်းကျင်းပသည့် အမျိုးသားအလွတ်တန်း Mountain Bike ဖိတ်ခေါ် စက်ဘီးပြိုင်ပွဲကို ယနေ့နံနက် ၆ နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးကန်ပတ်လမ်း တင့်ကားကုန်းဝင်ပေါက်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက သေနတ်ပစ်ဖောက် တာလွှတ်ပေးသည်။
စက်ဘီးပြိုင်ပွဲဝင်များသည် ၂၆ ကီလိုမီတာ ကန်တော်ကြီးကန်ပတ်လမ်းကို ခြောက်ပတ်ယှဉ်ပြိုင်ကြပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် ပန်းဝင်ကြသော စက်ဘီးအားကစားသမားများကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြသည်။ ယင်းပြိုင်ပွဲတွင် စက်ဘီးအားကစားသမား ၂၄၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ကိုထက်
