ပြည်သူ့အတွက် တတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

ပြည်သူ့အတွက် တတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်


Ministry of Information/ ​နေပြည်တော် / May 31, 2019
image_latest


နေပြည်တော် မေ ၃၁

ပြည်သူ့အတွက် တတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ နိုင်ငံတော် အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာနတို့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သတင်းစာရှင်းလင်းပွဲတွင်           နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ပြည်သူ့အတွက် တတိယ (၁)နှစ်တာ ကာလ အတွင်း ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ စိန်ခေါ်မှုများနှင့် ရှေ့လုပ်ငန်းစဉ်၊ ရခိုင်ပြည် နယ်အတွင်းရှိ ပြဿနာများနှင့်ပတ်သက်၍ ရှုပ်ထွေးမှုများ၊  National Security အမျိုးသား လုံခြုံရေး နှင့်ပတ်သက်သည့် ခြိမ်းခြောက်မှုနှင့်စိန်ခေါ်မှုများကို  ရှင်းလင်းတင်ပြသွားမည်ဖြစ်ပါ ကြောင်း။

ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ ယခုအစိုးရလက်ထက်တွင် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် ချမှတ်ဆောင်ရွက်ခဲ့ ပါကြောင်း၊ အဓိကရည်ရွယ်ချက်မှာ  NCA လက်မှတ် မထိုးရသေး သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး NCA ထီးရိပ်အောက် ရောက်လာရန်  နံပါတ်တစ်ဖြစ် ပါကြောင်း၊ သဘောတူညီထားသည့် ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးကို ခိုင်မာ အောင် ထိန်းသိမ်းရန်  ပစ်ခတ်တိုက်ခိုက်မှုများမရှိအောင် ဆက်လက်ဆောင်ရွက်ရန်မှာ နံပါတ်နှစ်ဖြစ် ပါကြောင်း၊ နံပါတ်သုံးမှာ Union Peace Conference ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ နိုင်ငံရေး ဆွေးနွေးပွဲကို အကောင်အထည်ဖော်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ နံပါတ်လေးအချက်မှာ  ပြည်ထောင်စု သဘောတူစာချုပ်တွင် အဓိကမှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်အခြေခံမူများနှင့် ပတ်သက်၍ သဘောတူညီချက်များ ရရှိအောင် ဦးတည်ချက်ထား ပါကြောင်း၊ နံပါတ်ငါး အချက်မှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဧရိယာများ တွင်ရှိသည့် တိုင်းရင်း သားပြည်သူများ ငြိမ်းချမ်းရေး၏အသီးအပွင့်များ ခံစားနိုင်ရန်၊ နံပါတ်ခြောက်အချက်မှာ  ဒီမိုကရေစီ ကူးပြောင်းရေးနှင့် ဖက်ဒရယ်တည်ဆောက်ရေးကို ပြည်ထောင်စုသဘောတူစာချုပ် နှင့်အညီ အကောင် အထည်ဖော်ဆောင်ရွက်ရန်ဆိုသည့်  ရည်မှန်းချက်များနှင့်  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ချဉ်းကပ် ဆောင်ရွက်ခဲ့ပါကြောင်း။

လက်ရှိအစိုးရအနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်နေသည့် Stake Holder များနှင့် ညှိနှိုင်းဆွေးနွေး ခဲ့ပါကြောင်း၊ JMC ကို ၂၀၁၆ ခုနစ် ဧပြီ ၂၇ ရက် တွင် တွေ့ဆုံ ၍  JMC ကို အသိအမှတ်ပြု ဆက်လက် ဆောင်ရွက်ခဲ့ပါကြောင်း။ မေလတွင် NRPC နှင့်  ငြိမ်းချမ်းရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ပါကြောင်း။ မဖွဲ့စည်းမီ (၂၁) ရာစု ပင်လုံညီလာခံ ကျင်းပရေးဗဟိုကော် မတီကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်၍ ဖွဲ့စည်း ခဲ့ပါကြောင်း၊ ကော်မတီအောက် တွင်  လက်မှတ်ထိုးပြီးအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊ လက်မှတ် မထိုးရ သေးသည့် အဖွဲ့ များနှင့် ညှိနှိုင်းဆောင်ရွက်ရန် ဆပ်ကော်မတီနှစ်ခုဖွဲ့ စည်းခဲ့ပါကြောင်း။

၂၀၁၆ ခုနှစ်တွင် UPDJC ကို အသစ်ဖွဲ့စည်းခဲ့ပါကြောင်း၊ UPDJC ဥက္ကဋ္ဌအနေ ဖြင့်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆောင်ရွက်ပြီး ၄၈ ယောက်နှင့်  သုံးပွင့်ဆိုင်  UPDJC အသစ် ဖြစ်ပေါ်လာပါကြောင်း၊  ထူးခြား ချက်မှာ နိုင်ငံရေးပါတီ အစုအဖွဲ့တွင် ရွေးကောက်ပ္ပွဲ၌ တစ်နေရာ အနည်းဆုံးရရမည်ဆိုသည့်  စည်းမျဉ်း သတ်မှတ်ချက်များ ဖြင့်UPDJC တွင်ပါဝင် သည့် နိုင်ငံရေးပါတီဦးရေကို လျှော့ချဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း။

၂၀၁၆ ခုနစ် ဇူလိုင် ၁၁ ရက်တွင် NRPC နှင့် Peace ကော်မရှင်ကို ဖွဲ့စည်းခဲ့ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့ပါကြောင်း၊ (၂၁)ရာစုပင်လုံ သုံးကြိမ်ဆောင် ရွက်ခဲ့ပါကြောင်း၊  ယခုလက်ရှိကာလတွင် NCA ထိုးပြီးသားအဖွဲ့များ၊ မထိုးရသေးသည့် အဖွဲ့ များနှင့်  အကြိမ်ပေါင်းများစွာ အလွတ်သဘောဆွေးနွေးပွဲများ၊  တရားဝင်ဆွေးနွေး ပွဲများပြု လုပ်ခဲ့ပါကြောင်း၊ ဇွန်လတွင် NCA တွင်ပါဝင်သည့် ယန္တယားများ ပြန်လည် စတင်နိုင်ရန် မျှော်မှန်းပြီး လက်ရှိအခြေအနေအထိ ဆောင်ရွက်ခဲ့ပါကြောင်း။

NCA မထိုးရသေးသည့် အဖွဲ့များနှင့် အဆင့်သုံးဆင့်ချမှတ်ထားပါကြောင်း၊ လက်ရှိ တိုက်ပွဲများဖြစ်ပွားနေသည့် မြောက်ပိုင်းလေးဖွဲ့နှင့် တိုက်ပွဲများ ရပ်ဆိုင်းရန်  နောက်ထပ်တိုက် ပွဲများ မဖြစ်ရန်အတွက် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး Agreement တစ်ရပ်လိုအပ်လာပါ ကြောင်း၊ နောက်တစ်ချက်မှာ ယုံကြည်မှုတည်ဆောက်ရေး ဖြစ်ပါ ကြောင်း၊ တပ်ပိုင်းဆိုင်ရာ သဘောတူညီချက်များနှင့် ထိုဒေသတွင် ရှိသည့် ပြည်သူများ အရေးကိစ္စ၊ အထူးသဖြင့် IDP ကိစ္စများဆောင်ရွက်ရန် ညှိနှိုင်းပါကြောင်း၊ နောက်တစ် ချက်မှာ နိုင်ငံရေးအဖြေရှာရန်အတွက် ဖက်ဒရယ် အခြေခံမူများညှိနှိုင်း ဆွေးနွေးသည့် အဆင့်ကိုတက်ရန် အဆင့်သုံးဆင့်အရ Bilateral Agreement ထိုးမည် ဖြစ်ပြီး  နောက်တစ်ဆင့် NCA သွားမည် ဖြစ်ပါကြောင်း၊ NCA ၏ လမ်းပြမြေပုံ ၇ ဆင့်အတိုင်း ဆောင်ရွက်မည် ဖြစ် သကဲ့သို့  EAO များ၏  စိုးရိမ်ချက်ဖြစ် သည့် ၂၀၂၀ မတိုင်မီနှင့်  ၂၀၂၀ နောက်ပိုင်းတွင် ဆက်လက် လုပ်ဆောင်မည့် သဘောတူညီ ချက်များရယူမည်ဖြစ်ပါကြောင်း။

လက်ရှိ ၂၀၁၉ ခုနှစ် မေလ ၃၁ ရက် အထိ UNFC အဖွဲ့ဟောင်းပါဝင်ပါကြောင်း၊  KNPP တစ်ဖွဲ့ကျန်ရှိ၍ Joint Statement ထုတ်ပြီး Bilateral  ရှိပြီးသားဖြစ်ပါကြောင်း၊  NCA ထိုးရန် မူအားဖြင့် သဘောတူထားပြီး        အချိန်ကို ဆက်လက်ညှိနှိုင်းနေပါ ကြောင်း။

နောက်တစ်ဆင့်မှာ NCA ထိုးပြီးသား ၁၀ ဖွဲ့ဖြစ်ပါကြောင်း၊ NCA အရ JICM ၊ UPDJC ၊ JMC ပြီးပါက UPC အထိ သွားရန် သဘောတူညီချက်ရနေသည့် အနေအထား တွင်  ပြည်ထောင်စုကခွဲမထွက်ရေးနှင့် တစ်ခုတည်းသော တပ်မတော်ကိစ္စတွင် ညှိနှိုင်း၍  အဆင်မပြေသေးသည့် အနေအထား ကြုံလာပါကြောင်း၊ Union Accord Part 1 ၊ Part 2  ရရှိနေပြီး “၀''၊ မိုင်းလား၊ SSPP ၊ KIA  တို့နှင့် Bilateral  Ceasefire Agreement ရှိပြီး KIA နှင့်  Bilateral  Ceasefire Agreement ပျက်ကာ တိုက်ပွဲများ ဆက်ဖြစ်နေပါကြောင်း၊ နောက် AA၊ TNLA၊ MMDA သုံးဖွဲ့ဖြစ်ပါကြောင်း၊ Statement ထုတ်ရန် ညှိနှိုင်းခဲ့ပြီး ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ခဲ့ပါကြောင်း၊Bilateral  Ceasefire Agreement ကြိုးပမ်းနေပါကြောင်း၊ တွေ့ဆုံရန် သဘောတူထားပါကြောင်း၊ ဧပြီလ ၃၀ ရက်တွင် ထိုအဖွဲ့များဖြင့် နောက်ဆုံးတွေ့ ဆုံခဲ့ပြီး နေရာကို ဆက်လက် ညှိနှိုင်းနေဆဲဖြစ် ပါကြောင်း၊ နေရာကို ၎င်းတို့က  ကူမင်း၊ ပန်ဆန်း၊ မူဆယ် အဆိုပြုထားပြီး မိမိတို့က နေပြည်တော်၊ ရန်ကုန်၊ မြစ်ကြီးနား သုံးနေရာကို ဧပြီ ၃၀ တွင် အဆိုပြုပါကြောင်း၊ နေရာကို သဘောတူညီချက် မရသေးပါကြောင်း၊ ရရှိပါက Bilateral  Ceasefire Agreement ထိုးသည့် အဆင့် ရောက်မည်ဖြစ်ပါကြောင်း၊ နောက်တစ်ဆင့်မှာ NCA ထိုး သည့်အဆင့်သွားမည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင်က ဖြစ်ပေါ်ခဲ့သည့် သမိုင်းကြောင်းကို ပြန်ကြည့် ပါက ၁၉၄၇ ခုနစ်တွင် ပင်လုံ စာချုပ် ချုပ်ဆိုခဲ့ပါကြောင်း၊ ထိုကာလ မတိုင်ခင် က သောင်းကျန်းသူ အဖွဲ့အစည်း ၅ ဖွဲ့ရှိပြီးဖြစ်ပါကြောင်း၊ ထို့နောက် 47 Constitution ပေါ်လာကြောင်း၊ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့ပြီး  ၁၉၆၂ ခုနှစ်တွင် တော်လှန် ရေးကောင်စီ တက်လာပါ ကြောင်း၊ တော်လှန်ရေးကောင်စီ တက်ပြီးသည့်နောက် Ceasefire Agreement ကို ကရင် အဖွဲ့တစ်ဖွဲ့နှင့်  လက်နက်ဖြုတ်သိမ်းလိုက်သည့် အဆင့်ရရှိခဲ့ပါကြောင်း။

၁၉၇၄ ခုနစ်တွင် ဆိုရှယ်လစ်လမ်းစဉ် ပေါ်လာပါ‌ကြောင်း၊ ၁၉၈၈ ခုနှစ်အထိ ဖြစ်ပါ ကြောင်း၊ ၁၉၈၈ ခုနှစ်မှ ၂၀၁၀ အထိ တပ်မတော်အစိုးရကာလ ဖြစ်ပါကြောင်း၊ ယင်းကာလ တွင် အဖွဲ့ပေါင်း ၄၀ နှင့် Ceasefire Agreement ရခဲ့ပါကြောင်း၊ ယင်း ခေတ်တွင် တစ်နိုင်ငံ လုံးလွှမ်းခြုံသည့် NCA ကဲ့သို့ သဘောတူစာချုပ် မပေါ် ခဲ့ပါကြောင်း။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအပြီးတွင် သမ္မတ ဦးသိန်းစိန် အစိုးရမှ ၂၀၁၅ အထိ တာဝန်ယူခဲ့ပါကြောင်း၊  ထိုကာ လတွင် Bilateral Ceasefire Agreement ၁၅ ဖွဲ့ဖြင့် ရခဲ့ပါကြောင်း၊ NCA ပေါ်ပေါက်လာပါကြောင်း၊ NCA တွင် (၈) ဖွဲ့လက်မှတ်ရေးထိုး ခဲ့ပါ ကြောင်း၊ political frame work နိုင်ငံရေး ဆွေးနွေးမည့် မူဘောင်တစ်ရပ် ပေါ် လာပါ ကြောင်း၊ သို့သော် နိုင်ငံရေးဆွေးနွေးပွဲ အဆင့်အထိ မရောက်ခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ် မှ ၂၀၁၉ ခုနှစ် အတွင်း မွန်ပြည်သစ်နှင့် LDU တို့မှာ NCA ထဲသို့ ရောက်လာပါ ကြောင်း၊ KNPP နှင့်လည်း NCA Agreement ရလာပါကြောင်း။

န်ိုင်ငံရေးဆွေးနွေးပွဲတွင် ညီလာခံ သုံးကြိမ်နှင့် အခြေခံမူ သဘောတူညီချက် ၅၁ ချက်ရရှိခဲ့ပါကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲနှင့် frame work ပေါ်ပေါက်လာပါကြောင်း၊ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံအစည်း အဝေးပြီးသည့်နောက်တွင် EAO ဘက်က ပြန်ပြီး ဆိုင်းငံ့ ထားသည့် ပြဿနာများဖြစ်လာ ပါကြောင်း။

DDR ၊ SSR လုံခြုံရေးကဏ္ဍနှင့် တစ်ခုတည်းသော တပ်မတော်ကိစ္စကို ဆက်ပြီး ဆွေးနွေး ရမည်ဖြစ် ပါကြောင်း၊ ရခိုင်ပြည်နယ်ပြဿနာမှာ ARSA က တိုက်ခိုက်မှုဖြစ်ပွားခဲ့ သည့် နှစ်ကြိမ်အတွင်း စုစုပေါင်း လုံခြုံရေး တပ်ဖွဲ့ ဝင်များ၊ ပြည်သူများ သေဆုံး၊ ပျောက်ဆုံး၊ ဒဏ်ရာရ ၄၃၇ ယောက် ရှိခဲ့ပါကြောင်း၊ယင်းမှာ မေ ၃၁ ရက်အထိ စာရင်းဖြစ်ပါကြောင်း၊ ရခိုင်ကိစ္စမှာ အဓိကဖြေရှင်းရမည့် ပြဿနာဖြစ်သည်ကို မျှော်မှန်းထားသည့်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် ဗဟိုကော်မတီကိုဖွဲ့စည်းခဲ့ပါကြောင်း၊ မကြာမီ  ကိုဖီအာနန် အကြံပေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး  ကိုဖီအာနန် မြန်မာန်ိုင်ငံကိုလာ၍ ပြန်သွားသည့် တစ်လ တင်းတင်း ပြည့်သည့် နေ့တွင် ARSA က ရဲစခန်းများကို စတင် တိုက်ခိုက်ခဲ့ပါကြောင်း၊ ယင်းဖြစ်စဉ်နှင့်စပ်လျဉ်းပြီး လူ့အခွင့် အရေးဆိုင်ရာ စွတ်စွဲမှုများ ရှိသည့်အတွက် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့်  စုံစမ်းစစ်ဆေးရေး ကော်မရှင် ဒီဇင်ဘာတွင် ဖွဲ့စည်းခဲ့ပါကြောင်း၊  ၂၀၁၆ ခုနှစ်ထဲတွင်  စတင်ဖြစ်ပွားခဲ့ပြီး ARSA ၏ ဒုတိယအကြိမ် တိုက်ခိုက်မှုမှာ ၂၀၁၇ ခုနစ်တွင် ဖြစ်ပါကြောင်း၊ ကိုဖီအာနန် report ထွက်သည့် ဩဂုတ် ၂၄ ရက် ညနေပိုင်းတွင် ARSA က ရဲစခန်းများကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပါကြောင်း၊ နောက်ပိုင်းတွင် ယင်းဒေသမှ အစ္စလမ် ဘာသာဝင်များ   ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသည့် ပြဿနာကြောင့်  ဖိအား များ များစွာ ကြုံတွေ့လာရပါကြောင်း၊ ယင်းအချိန်တွင် ပြန်လည်နေရာချထားရေး၊ ပြန်လည် ထူထောင်ရေး၊ ရေရှည် တည်ငြိမ်ရေးလုပ်ငန်း ဆောင်ရွက်ရန် UEHRD ကို စတင်ဖွဲ့စည်း ခဲ့ပါကြောင်း။

ထို့နောက် AA အဖွဲ့နှင့်  တိုက်ပွဲများဖြစ်လာပါကြောင်း၊ ထိတွေ့မှု အကြိမ်ပေါင်း (၂၀၆) ကြိမ်ရှိပြီး AA သေဆုံး တပ်ဖွဲ့ဝင် (၁၀၀)နီးပါးရှိပါကြောင်း၊  အရှင်(၄၈)ဦး ဖမ်းမိပါ ကြောင်း၊ ဥပဒေနှင့်အညီ ဆက်လက် စစ်ဆေး ဆောင်ရွက်နေပါကြောင်း၊  မိုင်းဖြစ်စဉ် (၂၁) ကြိမ်ရှိပါ ကြောင်း၊ တပ်မတော် ယာဉ်တန်းများ၊ စစ်ကြောင်းများ အား  တိုက်ခိုက်မှု (၉)ကြိမ်ရှိပါကြောင်း၊ ရဲတပ်ဖွဲ့ဝင်များနှင့်ပြည်သူများကို မိုင်းခွဲတိုက်ခိုက်မှု  (၉)ကြိမ်ရှိပါ ကြောင်း၊ ရခိုင်ပြည်နယ်  မြို့နယ် (၇)ခုနှင့် ချင်းပြည်နယ် ပလက်ဝတွင်  ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ် ထားပါ ကြောင်း၊ လူပေါင်း ၃သောင်း၃ထောင်ကျော် IDP တွင်  နေထိုင်နေရပါကြောင်း ရှင်းလင်းပြော ကြား သည်။

တက်ရောက်လာကြသည့် သတင်းမီဒီယာများက နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ၏  ဆောင်ရွက် ချက်များနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အင်းဒင်ကိစ္စနှင့်ပတ်သက်ပြီး အရေးယူ ခံထားရသည့် တပ်မတော် သားများ ပြန်လည်လွတ်မြောက်မှုရှိ မရှိ၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ကြန့်ကြာနေရသည့်ကိစ္စရပ်များ၊ နေပြည်တော် ကောင်စီ၌ နိုင်ငံတော်သမ္မတနှင့် ဝန်ထမ်းများ တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတ ပြောကြားခဲ့သည့်မိန့်ခွန်း၊ ဆရာတော် ဦးဝီရသူအား ဖမ်းဆီး ရန်ဆောင်ရွက်နေမှုအခြေအနေ၊ နိုင်ငံတော်အစိုးရ အဖွဲ့အစည်းများတွင် န်ိုင်ငံခြားသား အကြံ ပေးပညာရှင်များအား ခန့်အပ်ထားသည့် အရေအတွက်နှင့် ခန့်အပ်သည့်မူဝါဒ၊ မြန်မာ နိုင်ငံအတွင်း မလေးရှားနိုင်ငံဘက်မှ အကြမ်းဖက်သမားများ ဝင်ရောက်လာမှု အခြေအနေနှင့် န်ိုင်ငံတော်အစိုးမှ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အမျိုးသားရေးထောက် ခံပွဲများအား ဖမ်းဆီး အရေး ယူသည့်အခါ နောက်ဆက်တွဲ ပြဿနာများ မဖြစ်ပေါ်စေရန် စီမံခန့် ခွဲမှု အခြေအနေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများကို အုပ်ချုပ်ရန် ဝန်ကြီးတစ်ပါး တိုးချဲ့ခန့်အပ်ရန် အစီအစဉ် ရှိ မရှိ၊ သိမ်းဆည်းခံမြေများ ပြန် လည်စွန့်လွှတ်ရေးနှင့် မူလတောင်သူများထံ အမြန်ပြန်လည် ပေးအပ် န်ိုင်ရေး ဆောင်ရွက်နေမှု အခြေအနေ၊ အစိုးရအပြောင်းအလဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ငွေကြေး ကွာဟမှု ဖြစ်စဉ်များကို ပြည်သူကိုချပြရန် အစီအစဉ်ရှိ မရှိ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရ အဖွဲ့များက ရရန်ရှိသော ငွေကြေးများနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေ၊ မြောက်ပိုင်းအဖွဲ့ ၄ ဖွံ့နှင့် တွေ့ဆုံ ဆွေးနွေးသွားမည့် အခြေအနေ၊ တပ်မတော်နှင့် AA တိုက်ပွဲကိစ္စ၊ မြစ်ဆုံကိစ္စနှင့်စပ်လျဉ်း၍ ထုတ်ပြန်ရန် အစီအစဉ်ရှိ မရှိ မေးမြန်းကြရာ ညွှန်ကြားရေးမှူးချုပ်က ဦးဇော်ဌေးက ပြန်လည်ရှင်းလင်း ဖြေကြားသည်။

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ပြည်သူ့အတွက် တတိယ(၁) နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကြည်မင်းက သာသနာရေး ဆိုင်ရာ ဆောင်ရွက် ချက်များ အနေဖြင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် များ ဆက်ကပ် လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲ အခမ်းအနားကို နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ သာသနာ့မဟာ ဗိမာန်တော်ကြီး၌ နှစ်စဉ် တပေါင်းလပြည့် နေ့၌ ကျင်းပလျက်ရှိရာ  ၂၀၁၉ ခုနှစ်တွင် ရဟန်း ၂၅၄ ပါး၊ သီလရှင် ၁၄ ပါးနှင့် လူပုဂ္ဂိုလ် ၉၃ ဦးတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်အပ်နှင်း ခဲ့ပါကြောင်း။

 တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲနှင့် ချီးကျူးပူဇော်ပွဲ အခမ်းအနား များကို  နှစ်စဉ် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂ လာကမ္ဘာ အေးကုန်းမြေ၊ မဟာပါသာဏ လိုဏ်ဂူ သိမ်တော်ကြီး၌ ဒီဇင်ဘာလမှစတင်၍ ၃၃ရက်ကြာ ကျင်းပပြုလုပ်ပါ ကြောင်း၊ ထို့အပြင်တိပိဋက ဓရ တိပိဋက ကောဝိဒ ချီးကျူးပူဇော်ပွဲ အခမ်းအနားကိုလည်း မဟာ ပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ နှစ်စဉ် မေလ၌ ကျင်းပပြု လုပ်ပါကြောင်း။  

(၆၉)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် ရန်ကုန် တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ စကားဝါလမ်း၊ တိပိဋကနိကာယကျောင်းတိုက်မှ  ဘဒ္ဒန္တဝီရိယာ နန္ဒသည် (၁၄)ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒအဖြစ် သာသနာ့ အာဇာနည် အရှင်သူမြတ်တစ်ပါး ထပ်မံပေါ်ထွန်းခဲ့ပါကြောင်း။

ဓမ္မာစရိယစာမေးပွဲ၊ အစိုးရ ပါဠိပထမပြန်စာမေးပွဲနှင့် နိကာယ်စာမေးပွဲများ ကျင်းပခြင်း အနေဖြင့် မြန်မာ တစ်နိုင်ငံလုံးတွင် ဓမ္မာစရိယစာဖြေဌာန ၅၄ ဌာနရှိပြီး နှစ်စဉ်မတ်လ၌ စာမေးပွဲများ ကျင်းပပြုလုပ်ပါကြောင်း၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို တစ်နိုင်ငံလုံးတွင် စာဖြေဌာန ၂၄၀ ၌ နှစ်စဉ်သင်္ကြန်မတိုင်မီ ဧပြီလ ပထမပတ် အတွင်း ကျင်းပပြုလုပ်ပါကြောင်း၊  နိကာယ်စာမေးပွဲကို စာဖြေဌာန ၇၄ ဌာနတို့၌ နှစ်စဉ်ဇွန်လအတွင်း ကျင်းပပြု လုပ်ပေးလျက် ရှိပါကြောင်း။ 

ယခင်က နိကာယ်စာဖြေဌာန ၇၀ ရှိရာမှ (၃)နှစ်တာကာလအတွင်း ဘားအံ စာဖြေဌာန၊ လမ်းမတော်စာဖြေဌာန၊ တွံတေးစာဖြေဌာနနှင့် သာကေတ စာဖြေဌာန ဟူ၍အသစ် ၄ ခု တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း။

ဓမ္မာစရိယစာမေးပွဲ၊ အစိုးရပါဠိပထမပြန်စာမေးပွဲ၊ အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ် စာမေး ပွဲများကို နှစ်စဉ် ကျင်းပ လျက်ရှိရာ ၂၀၁၈ခုနှစ်တွင် ဓမ္မာစရိယာစာပေးပွဲ အောင်မြင်သူ ၂၉၃၂ ဦး၊ အစိုးရပါဠိပထမပြန် စာမေးပွဲများ အောင်မြင်သူ ၂၄၁၅၉ ဦး၊ အဘိဓမ္မာ(ရိုးရိုး) အောင်မြင်သူ ၁၈၂၅၉ ဦး၊ အဘိဓမ္မာ (ဂုဏ်ထူးဆောင်) အောင်မြင် သူ ၂၈၁၃ဦး၊ ဝိသုဒ္ဓိမဂ် အောင်မြင်သူ ၄၃၈၄ ဦး ရှိခဲ့ပါကြောင်း။

 နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံ သ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ သာသ နာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ကိုယ်စားလှယ် အဖွဲ့သည် ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့ Sanam Luang Pavilionရှိ ဆာနမ်လွန် မဟာချက် သဓဘောဒင် မင်္ဂလာမဏ္ဍပ်၌ ကျင်းပပြုလုပ်သည့် The New Year's for Happiness in 2019 သို့ တက်ရောက် ခဲ့ပြီး ဗုဒ္ဓဓာတ်တော်၊ ဆံတော်ပွား နှင့် စွယ်တော်ပွားများ လှူဒါန်းခြင်း၊ နဝကမ္မအလှူတော်ငွေများ လှူဒါန်းခြင်း တို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။

ရွှေတိဂုံစေတီတော်မြတ်ကြီးအား၂၀၁၈-၂၀၁၉ ခုနှစ်တွင် ရွှေသင်္ကန်းတော် ကပ်လှူပူ ဇော်ရေးလုပ်ငန်း ဆောင်ရွက်ရန် ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ရေး ဦးစီး ကော်မတီနှင့် ဆပ်ကော်မတီ ၈ ခုအား ဖွဲ့စည်း တာဝန် ပေးအပ်ဆောင်ရွက် လျက်ရှိပါကြောင်း။

ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် အရည်အသွေး ပြည့်မီသော ၁ ပေပတ်လည် ရွှေစင် ရွှေပြားများဖြင့် တာရှည်တည်တံ့ခိုင်မြဲစွာ ရွှေသင်္ကန်းများ ကပ်လှူ နိုင်ရေးနှင့် ရွှေစင်ရွှေပြား များ စတင်ထုတ်လုပ်ရာတွင် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် နိုင်ရေးအတွက် ရွှေတိဂုံစေတီ တော် အောက်ပစ္စယံ တောင်ဘက်တွင် ရွှေပြားကြိတ် စက်ရုံ တည်ဆောက်၍ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ကာဒီနယ်ချားလ် မောင်ဘို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့်အတူ ၂၀၁၈ ခုနှစ် မေ ၂၆ ရက်မှ ၂၈ ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေ (မောင်တော)သို့ သွားရောက်ခဲ့ကြပါကြောင်း။ 

ထို့နောက် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ ကြုံတွေ့ခံစားခဲ့ရသော ပြည်သူ လူထုအတွက် ထောက်ပံ့ ပေးနိုင်ရန် ပုပ်ရဟန်းမင်းကြီး His Holiness Pope Francis က မြန်မာနိုင်ငံ၊ ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်  ကာဒီနယ်ချားလ်မောင်ဘို မှတစ်ဆင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ၂၀၁၈ ခုနှစ် ဇွန် ၄ ရက်တွင် လှူဒါန်းခဲ့သော အမေရိကန်ဒေါ်လာ ၁သိန်းနှင့် ညီမျှသည့် မြန်မာငွေကျပ် ၁၃၃,၀၀၀,၀၀၀/- (ကျပ်တစ်ထောင် သုံးရာသုံးဆယ်သိန်း)ကို ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော တာဝန်ရှိသူများက ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၉ ရက်မှ ၃၀ ရက်ထိ ရခိုင်ပြည်နယ်သို့ သွားရောက် လှူဒါန်းမှု ပြုခဲ့ပါကြောင်း။

ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲကို နှစ်စဉ် ဧပြီလ၌ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မြို့နယ် ပေါင်း ၁၄၆ မြို့နယ်၌ ကျင်းပပြုလုပ်လျက်ရှိပြီး ၂၀၁၈ ခုနှစ်တွင် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းများ ဖွင့်လှစ်ခဲ့ရာ စာရင်းသွင်းသူပေါင်း ၁၁၂၇၅၁ ဦး၊ ဖြေဆိုသူပေါင်း  ၁၀၃၄၅၉ ဦးရှိရာ၌ ရိုးရိုးအောင်မြင်သူ ပေါင်း ၅၈၃၄၅ ဦး၊ ဂုဏ်ထူး အောင် ၃၀၄၀၆ ဦးနှင့် ၃ ဘာသာ အောင်မြင်သူ ပေါင်း ၁၃၆၈၉ ဦးတို့ ရှိခဲ့ပါကြောင်း။

တက္ကသီလမဟာဘွဲ့နှင်းသဘင် အခမ်းအနားအား နှစ်စဉ် ရန်ကုန်နှင့် မန္တလေး တို့၌ တလှည့်စီ ကျင်းပပြု လုပ်လျက်ရှိပြီး ၁၃၈ဝခုနှစ် (၂၀၁၈) တွင် (၂၄) ကြိမ်မြောက် တက္ကသီလ မဟာဘွဲ့နှင်းသဘင် အခမ်းအနားကို နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (မန္တလေး)၌ ကျင်းပပြုလုပ်ခဲ့ရာ  နပသ(ရန်ကုန်)တွင် ဓမ္မာစရိယဘွဲ့  B.A (Buddhism) ၅၅ ပါး၊  နပသ (မန္တလေး)တွင်            ဓမ္မာစရိယဘွဲ့ B.A (Buddhism) ၅၆ ပါး၊  နပသ (ရန်ကုန်)တွင် မဟာဓမ္မာစရိယဘွဲ့ M.A(Buddhism)   ၇ ပါး၊ နပသ (မန္တလေး)တွင် မဟာဓမ္မာ စရိယဘွဲ့ M.A(Buddhism) ၇ ပါးအား ဆက်ကပ်အပ်နှင်း ချီးမြှင့်နိုင်ခဲ့ပါကြောင်း ရှင်းလင်းပြော ကြားသည်။

ယဉ်ကျေးမှုဆိုင်ရာ ဆောင်ရွက်ချက်များအနေဖြင့် ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသ အား ကမ္ဘာ့အမွေ အနှစ် စာရင်း ဝင်ဖြစ်ရေး အတွက် အဆိုပြုစာတွဲ(အပြည့်အစုံ) Nomination Dossier(Complete)ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် ကမ္ဘာ့အမွေ အနှစ်ကော်မတီသို့ တင်ပြခဲ့ပါကြောင်း။ ကမ္ဘာ့အမွေ အနှစ်ကော်မတီ၏ အကြံပေး အဖွဲ့ဖြစ်သော နိုင်ငံတကာ အထိမ်းအမှတ် အဆောက် အအုံနှင့်နေရာများကောင်စီ (ICOMOS-International Council on Monuments and Sites) သည် ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသသို့ ၂၀၁၈ခုနှစ်၊ စက်တင်ဘာ (၁၅) ရက် မှ (၂၅)ရက်အထိ လာရောက်စစ်ဆေး ကြည့်ရှုခဲ့ပြီး ဖြစ်ပါ ကြောင်း။ အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့ တွင် ၂၀၁၉ခုနှစ်၊ ဇွန် ၃၀ ရက်မှ ဇူလိုင် ၁၀ ရက်အထိ ကျင်းပ မည့် ကမ္ဘာ့ အမွေအနှစ်ကော်မတီ ညီလာခံ အစည်း အဝေးတွင် ပုဂံယဉ်ကျေးမှုအမွေ အနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းအဖြစ် အတည်ပြု - မပြု ဆုံးဖြတ်မည်ဖြစ်ပါကြောင်း။

မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး အတွက် ဆောင်ရွက်လျက်ရှိပြီး ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် အဆိုပြု စာတွဲ(မူကြမ်း)နှင့် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက် မတိုင်မီ အဆိုပြု စာတွဲ (အပြည့်အစုံ) Nomination Dossier (Complete)ကို တင်ပြဆောင်ရွက်မည် ဖြစ်ပါကြောင်း။

ရခိုင်ပြည်နယ်၊ မြောက်ဦးဒေသရှိ အာနန္ဒစန္ဒြကျောက်စာ၏ အဆိုပြုပုံစံကို ၂၀၁၇ခုနှစ် ဩဂုတ် ၃၁ ရက်က အာရှပစိဖိတ်ဒေသတွင်း မှတ်တမ်းအမွေအနှစ် ကော်မတီသို့ တင်သွင်းခဲ့ပြီး ၂၀၁၈ ခုနှစ်၊ မေ(၂၉)ရက်မှ ဇွန်(၁)ရက်အထိ ကိုရီးယားနိုင်ငံ၊ ဂွမ်ဂျူးမြို့တွင် ပြုလုပ်ခဲ့သည့် ကမ္ဘာ့မှတ်တမ်းအမွေအနှစ်ကော်မတီ၏ အဋ္ဌမ အကြိမ်မြောက် အထွေထွေ အစည်းအဝေးတွင် အာရှ-ပစိဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းဝင် အဖြစ် အသိအမှတ်ပြုခဲ့ပါကြောင်း။ ၂၀၂၀ ခုနှစ်တွင် UNESCO သို့ ဆက်လက်၍ တင်သွင်းမည် ဖြစ်ပါကြောင်း။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် ပရိုင်းမိတ် သုတေသန ပြုလုပ်ခြင်း၊ ကျောက်ခေတ်သုတေသနပြုလုပ်ခြင်း၊ ကြေးခေတ်/သံခေတ် သုတေသန ပြုလုပ် ခြင်း၊ ဟန်လင်းမြို့ဟောင်း တူးဖော်မှု၊ သရေခေတ္တရာမြို့ဟောင်း တူးဖော်ခြင်း၊ ရှေးဟောင်းယဉ် ကျေးမှုဆိုင်ရာ အထောက် အထားများ ရရှိရေးအတွက် မြို့ဟောင်းများ၊ စဉ့်ဖိုများ၊ နန်းတော်ရာ များ အစရှိသည့် တူးဖော်မှုများနှင့် အခြား တူးဖော် သုတေသန လုပ်ငန်းများ၊ ကွင်းဆင်းသုတေ သနလုပ်ငန်းများ ဆောင်ရွက်ခဲ့ ပါကြောင်း။

ရှေးဟောင်းပစ္စည်းများ စုဆောင်းထိန်းသိမ်းခြင်းအဖြစ် မြန်မာနိုင်ငံတစ်ဝန်းတွင် ပျံ့နှံ့တည်ရှိနေသည့် ရှေးဟောင်း ဝတ္တုပစ္စည်းများကို ဆုကြေးငွေချီးမြှင့်၍ စုဆောင်း ထိန်းသိမ်း ခြင်းအတွက် လာရောက်အပ်နှံသူ (၉၆)ဦးထံမှ ရှေးဟောင်းဝတ္ထုပစ္စည်း (၃၆၁၅) မျိုးအား ချီးမြှင့်ငွေ ကျပ်သိန်းပေါင်း ၂၃၃၆ ဒသမ ၁၃၇၂၀၅ နှင့် လှူဒါန်းမှုများမှ လက်ခံထိန်းသိမ်းခြင်း အတွက် လာရောက်လှူဒါန်းအပ်နှံသူ (၂၃)ဦးထံမှ ရှေးဟောင်း ဝတ္ထုပစ္စည်း (၈၁)မျိုးအား စုဆောင်းထိန်းသိမ်းနိုင်ခဲ့ပါကြောင်း။

ဇုန်နယ်နိမိတ်သတ်မှတ်ထိန်းသိမ်းခြင်းလုပ်ငန်းအဖြစ် မြန်မာနိုင်ငံအတွင်းရှိ ယဉ်ကျေးမှု အမွေအနှစ်များ တစ်စု တစ်ဝေးတည်ရှိရာဒေသ (၄၈)နေရာအား သတ်မှတ် ထိန်းသိမ်းစောင့် ရှောက်လျက်ရှိရာ  ၂၀၁၈ခုနှစ် မေ ၈ ရက် ရက်စွဲပါ အမိန့်ကြော်ငြာ စာ(၂/၂၀၁၈)ဖြင့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦး ခရိုင်၊ ပုဂံ-ညောင်ဦးမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်-ပုဂံ ယဉ်ကျေးမှုအမွေအနှစ် ဒေသအား ရှေးဟောင်းအထိမ်း အမှတ် အဆောက်အအုံတည်ရှိရာဇုန်၊ ကာကွယ်ထိန်းသိမ်းထားသောဇုန်များအဖြစ် ပြောင်းလဲ သတ်မှတ် ခဲ့ပါ ကြောင်း။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာအနီးရှိ သမိုင်းဝင်ဆရာစံ သဘာဝ ထုံးကျောက်ဂူအား ၂၀၁၉ခုနှစ် ဇန်နဝါရီ ၇ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာ (၁/၂၀၁၉)ဖြင့် ရှေးဟောင်း အထိမ်းအမှတ် အဆောက် အအုံ တည်ရှိရာဇုန်အဖြစ် သတ်မှတ်ခဲ့ပါကြောင်း။

အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ပြောင်းရွှေ့ဖွင့်လှစ်မည့် အမှတ် (၆၀၄/၆၀၈) ကုန်သည်လမ်း၊ ပန်းဘဲတန်း မြို့နယ်ရှိ အဆောက်အဦကို အကြီးစားပြင်ဆင်ခြင်း လုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၇ခုနှစ် ဩဂုတ် ၁၀ ရက်တွင် သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက် ဦးစီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာနတို့ လုပ်ငန်းသဘောတူစာ ချုပ်ချုပ်ဆို၍ လုပ်ငန်းများ စတင် လုပ်ကိုင်ခဲ့ပြီး ဆက်လက်ဆောင်ရွက်ဆဲဖြစ်ပါ ကြောင်း။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် အမျိုးဘာသာ သာသနာ တော် ထွန်းကားပြန့်ပွားရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများကို သာမက အမျိုးသားရေး လက္ခဏာများကိုလည်း မပျောက် ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် မျိုးချစ်စိတ် ဓာတ်ရှင်သန်ခိုင်မာစေရေးတို့ကိုပါ ဆောင်ရွက်လျက် ရှိပါကြောင်း။ 

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံသားတိုင်း လွတ်လပ်စွာ ယုံကြည်ကိုး ကွယ်ခွင့်ရရှိစေရေးနှင့် မတူကွဲပြားသည့် ဘာသာဝင်များ အချင်းချင်းအတူတကွ ချစ်ကြည်စွာ ဖြင့် ရေရှည်ယှဉ်တွဲနေထိုင်ရေးအတွက် တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ ကြောင်း။ ဝန်ကြီးဌာနအနေဖြင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက် ဆောင်ရွက်လျက်ရှိပါကြောင်း။ ယဉ်ကျေးမှုဆိုင်ရာ ဘာသာရပ် ကျွမ်း ကျင်သူများကို မွေးထုတ်ပေးလျက်ရှိ သည့်အပြင် ပြည်တွင်း/ ပြည်ပ ယဉ်ကျေးမှုအမွေအနှစ်၊ စာပေ အမွေအနှစ်များ၊ အထောက်အထား အချက်အလက်များ စုဆောင်းထိန်းသိမ်း ဝန်ဆောင်မှုပေးရာ ပြတိုက်နှင့် စာကြည့် တိုက်များကိုလည်း ဗဟိုဌာနအဖြစ် ရပ်တည်၍ သတင်းအချက်အလက်များအား ပြည်သူလူထုအတွက် ဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း ရှင်းလင်း ပြောကြားသည်။

တက်ရောက်လာကြသည့် သတင်းမီဒီယာများက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန၏ ဆောင်ရွက် ချက်များနှင့်ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် သံဃာတော်များ ဆန္ဒထုတ် ဖော်ပွဲများတွင် မပါဝင်ရေး ညွှန်ကြားချက်ထုတ်ပြန်ရန် ရှိ မရှိ၊ မြောက်ဦးဒေသတွင် ဖြစ်ပွား လျက်ရှိသော တိုက်ပွဲများကြောင့် အဆိုပါဒေသရှိ ဘုရား၊ စေတီ၊ ပုထိုးနှင့် ရှေးဟောင်းယဉ် ကျေးမှုအမွေအနှစ်များ ထိခိုက်ပျက်စီး ဆုံးရှုံးမှုအခြေအနေနှင့် နိုင်ငံတော်အစိုးရမှ အရေးယူ ရန် အစီအစဉ် ရှိ မရှိ၊ မြောက်ဦးဒေသတွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများ၏ အကျိုး ဆက်ကြောင့် ဖြစ်ပေါ်လာသည့် ပျက်စီးဆုံးရုံးမှုများသည် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်း ဝင်ရန် ဆောင်ရွက်နေမှုကို ထိခိုက်မှု ရှိ မရှိ၊ န်ိုင်ငံအတွင်း အမျိုးသားရေးလှုပ်ရှားမှုများကြောင့် ဘာသာတစ်ခုနှင့် တစ်ခုအကြား ပဋိပက္ခများမဖြစ်ပေါ်စေရန် ဆောင်ရွက်နေမှု၊ ဆရာတော် ဦးဝီရသူအား ဝိနည်းမညီညွတ်သဖြင့် အရေးယူရန် ဆောင်ရွက်နေမှု၊ ရွှေတိဂုံဘုရားမှ ရွှေစင် ပြားများ စစ်ဆေးမှုရလဒ်ကို ထုတ်ပြန်ရန် ရှိ မရှိ၊ န်ိုင်ငံအတွင်းရှိ တန်ခ်ိုးကြီး ဘုရားစေတီပုထိုး များ၏ ဂေါပကအဖွဲ့များတွင် အငြိမ်းစားတပ်မတော်သားများ ပါဝင်မှုများနေခြင်း၊ ဂေါပကအဖွဲ့ ဖွဲ့စည်းသည့် ရွေးချယ်မှုနှင့် မူဝါဒ၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းဝင်ရန် ဆောင်ရွက်နေမှုနှင့် ပြီးစီးမှုအခြေအနေစသည့် မေးခွန်းများကို မေးမြန်း ကြရာ ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။

ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ပြည်သူ့အတွက် တတိယ (၁)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးလှထွန်းက စိုက်ပျိုးရေး ဦးစီးဌာနသည် စားနပ်ရိက္ခာဖူလုံရေး၊ အစား အစာဘေး ကင်းလုံခြုံစေရေး၊ တောင်သူများ၏ ဝင်ငွေ တိုးတက် ရရှိစေရေး၊ အရည်အသွေး ကောင်းမွန်ပြီး ပြည်တွင်း၊ ပြည်ပ ဈေးကွက်ယှဉ်ပြိုင် နိုင်စွမ်းရှိသည့် အမယ်စုံ သီးနှံများနှင့် စက်မှုကုန်ကြမ်း သီးနှံများ တိုးချဲ့စိုက်ပျိုးရေးကို မျှော်မှန်းပြီး အားထုတ်ဆောင်ရွက်လျက်ရှိ ပါ‌ကြောင်း။

ယခုနှစ်တွင် ဆန်စပါးမျိုးစေ့ထုတ်ဧက ပေါင်း ၇၁၃၇ ဧကကို စိုက်ပျိုးနိုင်ခဲ့ပြီး တင်းပေါင်း ၅,၈၀၅,၆၂၀ တင်း  ထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊ GAP စံပြကွက်များအဖြစ် မိုးမြေပဲ ၁၅၅၈ ဧက၊ ဆောင်းမြေပဲ ၃၂၅ဧက၊ ဆောင်းနှမ်း ၆၅ ဧက နှင့် ဆောင်းနေကြာ ၈၃ ဧက ကို စိုက်ပျိုးပေးနိုင်ခဲ့ပါကြောင်း။

GAP အသိအမှတ်ပြု လက်မှတ် ၂၅၃ စောင်ထုတ်ပေးခဲ့ပြီး မြေဩဇာကော်မတီ အနေနှင့် မှတ်ပုံတင်လက်မှတ် ၁၁၉၇ ခုကို ထုတ်ပေးခဲ့ပါကြောင်း။ ဇီဝနည်းပညာဓာတ် ခွဲခန်းကို ကြံသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (ပျဉ်းမနား) တွင် ဖွင့်လှစ်နိုင်ခဲ့ပြီး ရောဂါအမျိုးအစားများကို ခွဲခြားပေးနိုင်ခဲ့ပါကြောင်း၊ ကြံမျိုးသစ် (၂)မျိုး အသိအမှတ်ပြု လက်မှတ် ရရှိခဲ့ပြီး ရာသီကော်ဖီဌာနခွဲအနေဖြင့် နိုင်ငံပိုင်ခြံ နှင့် ပုဂ္ဂလိကခြံ ၈ ခုတို့ကို GAP Certificate ထုတ်ပေးခဲ့ကာ ကော်ဖီ မျိုးကောင်းမျိုးသန့် ၁၂ မျိုးကိုလည်း မှတ်ပုံတင် နိုင်ခဲ့ပါ ကြောင်း။

ချည်မျှင်ရှည်ဝါအနေနှင့် မျိုးကောင်း မျိုးသန့် ၄၃၄၆၂ ဒသမ ၅ ပိဿာထုတ်လုပ်နိုင် ခဲ့ပါကြောင်း၊ ပိုးချည်ထုတ် လုပ်ရေးအတွက် F1 မျိုးပိုးဥ ၂၈၈ ကဒ်ဖြန့်ဖြူးပေးခဲ့ပြီး တောင်သူ ၅၂၂ ဦးကိုလည်း ပညာပေးသင်တန်း အကြိမ် ၂၀ ဆောင်ရွက်ပေးခဲ့ပါကြောင်း။

လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအနေဖြင့် လက်ရှိအချိန်အထိ တောင်သူပေါင်း ၆,၀၂၈,၀၉၀ ကို ဧရိယာ ၂၅,၂၀၆,၂၇၄ ဧက အတွက် ပုံစံ(၇) ထုတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ရာခိုင်နှုန်းအားဖြင့် ၉၃ ဒသမ ၃၅ ဆောင်ရွက်နိုင်ခဲ့ပြီး ယခုနှစ်အတွင်း တောင်သူ ပေါင်း ၅၉,၅၄၈ အတွက်  ဧရိယာ ၂၄၆,၃၀၉ ဧက ကို ပုံစံ(၇) ထုတ်ပေးနိုင်ခဲ့ကာ ၃နှစ်တာ ကာလ အတွင်း တောင်သူ ၂၁၅,၁၉၀ အတွက် ပုံစံ(၇) ၉၆၇၁၀၁ ဧကကို ထပ်မံထုတ်ပေးနိုင်ခဲ့ပါကြောင်း။

ယခင်ခွင့်ပြုခဲ့ပြီးဖြစ်သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအနက် ဥပဒေနှင့်အညီ ဆောင်ရွက် နိုင်ခြင်းမရှိသည့် မြေ ၁၄၃၆၉၉၅ ဒသမ ၂၂ ဧက ကို လက်ရှိအချိန်အထိ ပြန်လည်သိမ်းဆည်းခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် ယင်းမြေများအပါအဝင် နိုင်ငံ တစ်ဝန်းရှိ မြေလွတ်မြေလပ်နှင့် မြေရိုင်းများကို တည်ဆဲဥပဒေ၊ နည်းဥပဒေ များအညီ နိုင်ငံသားတိုင်း လျှောက်ထားရယူပြီး အသုံးပြုနိုင်ရေးကို သက်ဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီများမှ စိစစ်ခွင့်ပြုပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း။

ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ၂၀၁၇-၁၈ ခုနှစ်တွင် နွေစပါးနှင့် အခြားသီးနှံဧက ၁၃ ဒသမ ၉၂ သိန်းခန့် နှင့် မိုးစပါး ၁၂ ဒသမ ၃ သိန်းခန့်ကို ဆည်ရေပေးဝေနိုင်ခဲ့ပြီး ယခုနှစ်နွေရာသီတွင် နွေစပါးနှင့် အခြားသီးနှံ စိုက်ဧက ၁၄ ဒသမ ၁ သိန်းခန့် အထိ တိုးတက် ပြီး ဆည်ရေပေးဝေနိုင်ခဲ့ပါကြောင်း။

ယခုနှစ်အတွင်း ပဲခူးတိုင်းအနောက်ခြမ်းရှိ တောင်နဝင်း၊ မြောက်နဝင်း၊ ဝဲကြီး၊ တောင်ညို ဆည်များ၏ ဆည်ရေ သောက်စနစ်များ တူးမြောင်းများကို  ယခုနှစ်အတွင်း ပြီးစီးအောင်ဆောင် ရွက်နိုင်မည်ဖြစ်သည့်အတွက် စုစုပေါင်း လယ်ဧက ၂၁၆၂၈၅ ကို ဒေသခံတောင်သူများ အတွက် စိုက်ပျိုးရေကို ထိရောက် အကျိုးရှိစွာ သုံးစွဲ နိုင်ရေး ဆောင်ရွက်ပေးနိုင်ပြီဖြစ်ပါ ကြောင်း။

ရေကြီးနစ်မြုပ်မှုကာကွယ်ရေးလုပ်ငန်းများအဖြစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ချောင်းကော၊ မြောင်းကောနှင့် ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းပေါင်း (၄၉၃) ခုကို ဆောင်ရွက်နိုင်ခဲ့သည့် အတွက် လယ်မြေဧက ၃ ဒသမ ၂၉ သိန်းခန့်ကို ထိရောက်စွာ ကာကွယ်ပေးနိုင်တော့မည် ဖြစ်ပါကြောင်း။

စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် မြို့နယ်ပေါင်း ၉၄ မြို့နယ်မှ ပုဂ္ဂလိကလယ်ယာ ဝန်ဆောင်မှုလုပ်ဆောင်သူ ၂၄၀၇ ဦးကို စုစည်းပြီး စက်မှုလယ်ယာဝန်ဆောင်မှု အသင်း ၁၁၅ သင်းကို ဖွဲ့စည်းပေးနိုင်ခဲ့ပြီး ယင်းတို့ပိုင် ထွန်စက်ကြီး ၁၇၉၅ စီး နှင့် ရိတ်သိမ်းခြွေ လှေ့စက် ၄၉၉ စီးတို့ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက် ပေးနေ ပါကြောင်း။

တန်ဖိုးကြီးမားသည့် လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူသုံးစွဲလိုသူများနှင့် လယ်ယာဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်လိုသူများအတွက် စက်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်း ကို ပထမအရစ်ပေးသွင်းပြီး စက်ရယူကာ ကျန် ၉၀ ရာခိုင်နှုန်း ကို ၃ နှစ်အတွင်း ၆ ကြိမ်ခွဲ ပြီး ပြန်လည်ပေးသွင်းနိုင်အောင် ဌာနနှင့် ပုဂ္ဂလိက ချိတ်ဆက် ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ ယခုနှစ်အတွင်း ထွန်စက်ကြီး ၃၈၁ စီး နှင့် ရိတ်သိမ်းခြွေလှေ့စက် ၆၀ စီး အပါအဝင် ၃ နှစ်တာကာလ အတွင်း ထွန်စက်ကြီး ၁၈၇၃စီး နှင့် ရိတ်သိမ်းခြွေလှေ့စက် ၁၃၃ စီး အထိ ရောင်းချ ပေးနိုင် ခဲ့ပါကြောင်း၊ ထို့အပြင် ဌာနရန်ပုံငွေအစီအစဉ်ဖြင့် ၂၀၁၈ ခုနှစ် ဧပြီလမှ ယခုအထိ လက်တွန်း ထွန်စက် ၅၈၄၇ စီး၊ ထွန်စက်ကြီး ၁၁၇ စီး ရိတ်သိမ်းခြွေလှေ့စက် ၇၇ စီး ဖြန့်ဖြူးပေးနိုင်ခဲ့သည့် အတွက် ၃ နှစ်တာ ကာလအတွင်း လက်တွန်းထွန် စက် (၂၁၈၄၁) စီး၊ ထွန်စက်ကြီး (၄၉၆) စီး နှင့် ရိတ်သိမ်းခြွေလှေ့စက် (၁၄၇) စီးတို့ကို လက်ငင်းငွေချေစနစ်၊ ၂ နှစ် ၃ရစ် ဆပ် စနစ်များနှင့် ဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း။

တိုးတက်များပြားလာသည့်စက်များကို ပြင်ဆင်ထိန်းသိမ်းနိုင်ရန် စက်မှုလယ်ယာ စခန်း ၄၉ ခုတွင် ပြင်ဆင်ရေး အလုပ်ရုံများ အဆင့်မြှင့်တင် တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ယခုနှစ် အတွင်း စက်ပေါင်း ၉၂၁ စီး ကို ပြင်ဆင် ပေးနိုင် ခဲ့ပါကြောင်း။

စက်မှုလယ်ယာစနစ်ကျင့်သုံးနိုင်သည့် လယ်ယာမြေအဆင့်မြှင့်တင်ခြင်းနှင့်၊ ကုန်းမြင့် လယ်ယာ ဖော်ထုတ်ခြင်း တို့ကို ယခုနှစ်အတွင်း အဆင့်မြှင့်တင်ခြင်း ၁၂၄၀ ဧကနှင့် ကုန်းမြင့် လယ်ယာ ၃၈၈ ဧက ဖော်ထုတ်ပေးခဲ့ပြီး ၃ နှစ်တာကာလအတွင်း လယ်ယာမြေ အဆင့်မြှင့် တင်ခြင်း ၁၇၀၀၆ ဧက နှင့် ကုန်းမြင့်လယ်ယာ ၃၄၂၆ ဧကကို ဖော်ထုတ် ဆောင်ရွက်ပေး နိုင်ခဲ့ပါကြောင်း။

ယခုနှစ်အတွင်း မိုးရာသီ ရေကြီးရေလျှံမှုကြောင့် မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ တနင်္သာရီ တိုင်းဒေသကြီးများ နှင့် ကရင်ပြည်နယ်ရှိ ပျက်စီးလယ်ယာမြေများကို သီးနှံများအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် ဧကလွှာ ၅၁,၀၂၀ ကို ထွန်ယက်ပေးနိုင်ခဲ့ပါကြောင်း။

စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် ဒေသအလိုက်သင့်တော်သည့် အထွက် ကောင်းမျိုး မျိုးသစ်မွေးမြူ ထုတ်လုပ်ခြင်း သုတေသန လုပ်ငန်းတွင် စပါးသီးနှံအတွက် (၈) မျိုး၊ ပြောင်းသီးနှံအတွက် (၁) မျိုး၊ နေကြာ (၁) မျိုး၊ မြေပဲ (၁) မျိုး၊ ပဲစင်းငုံ (၁) မျိုး၊ ဂျုံ (၁) မျိုး နှင့် ကြံ (၁) မျိုး အပါအဝင် စုစုပေါင်းမျိုးသစ် (၁၄) မျိုးကို ထုတ်လုပ် နိုင်ခဲ့ပါကြောင်း၊ ယခုနှစ် အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဇလုပ်စိုက်ပျိုးရေးသုတေသန ခြံကိုလည်း ဒေသ အဆင့်မြင့်သုတေသနခြံအဖြစ် တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

သမဝါယမဦးစီးဌာနအနေဖြင့် တစ်နိုင်ငံလုံး သမဝါယမအသင်းပေါင်း ၄၀၅၁၈ ဖွဲ့စည်ထားရှိပြီးဖြစ်ပါကြောင်း၊ ၃ နှစ်တာ ကာလအတွင်း အသင်းသစ် (၆၅၄) သင်းကို တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း၊ မြို့နယ် ၁၁၉ မြို့နယ်တွင် လယ်ယာအထောက်အကူပြု ဝန်ဆောင်မှုအဖြစ် သမဝါယမအသင်း ၅၄ သင်း အပါအဝင် မြို့နယ် သမဝါယမ အသင်းစု များက ဝန်ဆောင်မှုလုပ်ငန်း ၁၄၀ ခုကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ မျိုးစေ့ထုတ်လုပ် ဖြန့်ဖြူရေး သမဝါယမအသင်းများဖွဲ့စည်းစေပြီး မြို့နယ်အသင်း ၁၆၆ သင်းမှ မျိုးစေ့ ထုတ်ဧက ၁၂၃၁၃ အတွက်ချေးငွေ ကျပ် ၂,၆၇၃ ဒသမ ၅၈၅ သန်းကို ထုတ်ချေးနိုင်ခဲ့ပါ ကြောင်း။

လယ်ယာမြေအဆင့်မြှင့်တင်သည့် လုပ်ငန်းအတွက် မြိုနယ် ၁၆၈ မြို့နယ်မှာ လယ်ယာ မြေ စုစုပေါင်း ၈၇၀၀၂ ဒသမ ၈ ဧကအတွက် ချေးငွေကျပ်သန်းပေါင်း ၂၆,၆၂၅ ဒသမ ၀၀၁ သန်းကို ထုတ်ချေးပြီး အဆင့်မြှင့်တင်သည့် လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ ပါကြောင်း။

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ် ဧပြီလမှ ယခု အချိန် ထိ အသက်မွေး ဝမ်းကျောင်းကာလတို သင်တန်း ၃၆၆ ကြိမ် အပါအဝင် ၃ နှစ်တာ ကာအတွင်း သင်တန်းပေါင်း ၁၁၄၅ ခုကို ဖွင့်လှစ် ပေးနိုင်ခဲ့သည့်အတွက် ပြည်သူ လူထုများ အနေဖြင့် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင် လာနိုင်ပြီး ဝင်ငွေတိုးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ခြင်းတို့ကို ဖြစ်စေခဲ့ပါကြောင်း၊ ၃ နှစ်တာ ကာလအတွင်း အသေးစားစက်မှုလက်မှု လုပ်ငန်း ၆၈၈၉ ခုကို မှတ်ပုံတင် ပေးနိုင်ခဲ့ပြီး ထုတ်ကုန်များအတွင်း ဘေးဥပါဒ်ဖြစ်စေသည့် ဓာတုပစ္စည်းများ ပါဝင်မှု ရှိ/မရှိ ဓာတ်ခွဲစမ်း သပ်ပေးသည့် လုပ်ငန်းပေါင်း ၉၂၅၇ ခုကိုလည်း ဆောင်ရွက်ပေးခဲ့ပါကြောင်း။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်း ကို ဆောင်ရွက် ပြီးစီးခဲ့ပြီး ယခုနှစ် ဇန်နဝါရီ (၁၀)ရက်တွင် တိရစ္ဆာန်ကောင်ရေ စာရင်းကို အတည်ပြုထုတ်ပြန်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

စီးပွားဖြစ်မွေးမြူရေးခြံများနှင့် တစ်ပိုင်တစ်နိုင်ခြံများမှ မွေးမြူထားသော ကျွဲ/နွား အရှင်များကို  ပြည်တွင်း စားသုံးမှုနှင့် လုပ်ငန်းခွင်အသုံးပြုမှု မထိခိုက်စေဘဲ တည်ဆဲဥပဒေ များနှင့်အညီ ပြည်ပ တင်ပို့ နိုင်ရေး အတွက် ကျန်းမာရေးထောက်ခံချက်များ ထုတ်ပေးကာ ဈေးကွက် ဖော်ဆောင်ခြင်းကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သည့်အတွက် နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၅၆၂ ဒသမ ၈၅၉ သန်း ကျော် ရှာဖွေပေးနိုင်ခဲ့ပါ ကြောင်း။

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် မြန်မာ့ပင်လယ်ပြင် ငါးသယံဇာတတည်ရှိမှုနှင့် သဘာဝ အခြေအနေများကို လေ့လာရန် နော်ဝေနိုင်ငံ Dr. Fridjof Nansen သုတေသန ရေယာဉ်ဖြင့် ငါးများ၏ ဥနှင့် သားလောင်းများ ပျံ့နှံ့ တည်ရှိမှု၊ အသားတွင်း မိုက်ခရိုပလတ်စတစ် ပါဝင်မှု တို့ကို သုတေသနပြု ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှုအနေနှင့် ၂၀၁၈ ခုနှစ် ဧပြီလမှ ၂၀၁၉ မတ်လ အထိ ငါး၊ ပုဇွန် နှင့် အခြားရေ ထွက်ပစ္စည်း အမေရိကန်ဒေါ်လာ ၇၂၀ ဒသမ ၀၂၁ သန်းဖိုး တင်ပို့ နိုင်ခဲ့ပါကြောင်း။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသတွင် သန့်ရှင်း သည့် သောက်သုံးရေ ဖူလုံစွာရရှိရန် UNICEF နှင့် ပူးပေါင်းပြီး ကျေး လက်ရေရရှိ ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ရေးဆွဲပြီး ရေရရှိရေး လုပ်ငန်းပေါင်း ၁၀၅၁ ခုကို ကျေးရွာ ၉၈၉ ရွာတွင် ဆောင်ရွက်ခဲ့သည့်အတွက် လူဦးရေ ၇ ဒသမ ၀၈ သိန်းကို အကျိုးပြုစေ နိုင်ခဲ့ပါကြောင်း၊  ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင်လည်း ကျေးလက်ရေရရှိရေးလုပ်ငန်းပေါင်း ၂၂၀၉ ခုကို ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း။

မဟာဓာတ်အားလိုင်းပြင်ပ ကျေးလက်မီးလင်းရေးလုပ်ငန်းများကို ကျေးရွာ ၂၄၆၇ ရွာတွင် လူဦးရေ ၆ ဒသမ ၆၉ သိန်းအတွက် အကျိုးပြုဆောင်ရွက်နိုင်ခဲ့ပြီး ကျေးလက် ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းကို ကျေးရွာ ၇၉ ရွာအတွက် အရှည် ၇၅ မိုင်ကျော်ကို ဖော်ထုတ်ပေးနိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင်လည်း ကုန်ထုတ်လမ်း ၁၇၁ လမ်း အရှည်မိုင် ၂၂၀ ကျော်ကို ဖောက်လုပ်ပေးသွားမည်ဖြစ်ပါကြောင်း။

လူထုဗဟိုပြုစီမံကိန်းကို မြို့နယ် ၆၁ မြို့နယ်ရှိ ကျေးရွာအခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်း (၁၄,၇၆၉) ခုတွင် ဆောင်ရွက်နိုင်ခဲ့ပြီး လူဦးရေ ၇ ဒသမ ၁ သန်းကို အကျိုးပြုစေနိုင်ခဲ့ပါကြောင်း၊ သဘာဝ ဘေး အန္တရာယ်ကြောင့် မြို့နယ် ၂၆ မြို့နယ်မှ ပျက်စီးမှုများကို ပြင်ဆင်ရန် ငွေကျပ် ၅၅၈ ဒသမ ၆၆၁ သန်းကို ထောက်ပံ့ ပေးနိုင်ခဲ့ပါ ကြောင်း၊ မြစိမ်းရောင်စီမံကိန်းအနေဖြင့် ကျေးရွာတစ်လျှင် အရင်းမပျောက်လည်ပတ် ရံပုံငွေ ကျပ်သိန်း ၃၀၀ စီနှင့် ကျေးရွာပေါင်း ၁၀၀၀ အတွက် တိုးချဲ့ဆောင်ရွက်ပေးနိုင်ခဲ့ပါ ကြောင်း၊ ထို့အပြင် ကျေးရွာဖွံ့ဖြိုးရေးစီမံချက် ရေးဆွဲခြင်းစီမံကိန်းကို ကျေးရွာ ၃၁၉၈ ရွာတွင် ဆောင်ရွက်နိုင်ခဲ့ပြီး ကျေးလက် အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေမြှင့်တင်ရေး စီမံကိန်းကို ကျေးရွာ ၂၉၃ ရွာတွင် အကောင်အထည်ဖော် နိုင်ခဲ့ပါကြောင်း ရှင်းလင်းပြော ကြားသည်။

တက်ရောက်လာကြသည့် သတင်းမီဒီယာများက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပြီး ပြန် လည် မပေးဆပ်နိုင်သည့် တောင်သူအရေအတွက်နှင့် ဝန်ကြီးဌာနမှ ဆက်လက်ဆောင်ရွက် သွားမည့် အခြေအနေ၊ လက်မှု လယ်ယာ စနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရန် နှောင့် နှေးကြန့်ကြာနေမှုများကို ဖြေရှင်းဆောင်ရွက်သွားမည့် အခြေအနေ၊ ဝန်ကြီးဌာနအနေဖြင့် တောင်သူများကို သီးနှံဈေးကွက်အခြေအနေနှင့် သီးနှံဈေးနှုန်းများကို အလွယ်တကူ သိရှိစေ ရန် ဆောင်ရွက်နေမှုအခြေအနေ စသည့် မေးခွန်းများကို မေးမြန်းကြရာ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးလှထွန်းနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ပြည်သူ့အတွက် တတိယ(၁)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ အလုပ်သမားရေး ရာဆိုင်ရာ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က အလုပ်သမားရေးရာဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံ နှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန၊ အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီဌာနဟူ ၍  ဦးစီးဌာန (၄) ခုဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။

အလုပ်သမားရေးရာဆိုင်ရာ လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် ပြည်တွင်း၌ အစိုးရ ဌာနများတွင်၉,၈၂၂ဦး၊ ပုဂ္ဂလိကကဏ္ဍတွင်၂၃၇,၆၂၁ဦး၊စုစုပေါင်း ၂၄၇,၄၄၃ ဦး အလုပ် အကိုင်အခွင့်အလမ်းများ ဆောင်ရွက် ပေးနိုင် ခဲ့ပြီး  ပြည်ပ(၉)နိုင်ငံသို့ ၂၅၀,၆၉၉ ဦး စေ လွှတ်ပေးနိုင်ခဲ့ပါကြောင်း။

 

ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ရေးဗဟိုဌာန MRC ရုံးများဖွင့်လှစ်ခြင်း အနေဖြင့် ရွှေ့ပြောင်းလုပ်သားများ လုံခြုံစွာရွှေ့ပြောင်းသွားလာလုပ်ကိုင်နိုင်ရေးအတွက် ရွှေ့ပြောင်း လုပ်သားများ ထောက်ပံ့ရေးဗဟိုဌာန MRC ရုံး ၂ ရုံး တိုးချဲ့ ဖွင့်လှစ်ခဲ့ပြီး စုစုပေါင်း ၁၅ ရုံး ရှိ ပြီ ဖြစ်ပါ ကြောင်း။

ကျွမ်းကျင်လုပ်သားများစစ်ဆေးအကဲဖြတ်ခြင်းအနေဖြင့် မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့မှ အတည်ပြုထား သည့်ကျွမ်းကျင်မှု စစ်ဆေး အကဲဖြတ်ဌာနများတွင်အလုပ်အကိုင် (၂၃)မျိုး အတွက် ကျွမ်းကျင်မှုအဆင့် (၁) လုပ်သား ၄၄၀၁ ဦး၊ ကျွမ်းကျင်မှု အဆင့် (၂) အတွက် လုပ်သား ၅၁၅ ဦး၊ စုစုပေါင်း ၄၉၁၆  ဦးကို ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်ခဲ့ပါကြောင်း။ အဆိုပါ လုပ်ငန်းစဉ် အတွက် သက်ဆိုင်ရာဝန်ကြီးဌာန(၁၀)ခု နှင့် ပုဂ္ဂလိကသင်တန်းကျောင်းများ၊ အလုပ်ရှင် အဖွဲ့ အစည်းများ၊ အလုပ်သမားအဖွဲ့အစည်းများ၊ ပညာရပ်ဆိုင်ရာအဖွဲ့ အစည်းများ၊ လုပ်ငန်း ဆိုင်ရာအဖွဲ့ အစည်းများ ပူးပေါင်းပါ ဝင်သော အလုပ် အကိုင်ဆိုင်ရာကျွမ်းကျင်မှု “စံ” ရေးဆွဲရေးကော်မတီ ၁၅ ခု၊ ကျွမ်းကျင် မှုစစ်ဆေး အကဲဖြတ်ရေးနှင့် အသိအမှတ်ပြု လက်မှတ် ထုတ်ပေးရေး ကော်မတီ၊ အလုပ်အကိုင် ဆိုင်ရာ ကျွမ်းကျင်မှု လေ့ကျင့်ရေး ကော်မတီတို့ပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း။

အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ညှိနှိုင်း အစည်းအဝေးများကို အကြိမ်ကြိမ်ကျင်းပပြုလုပ်ခဲ့ပြီး ၁၀ ဦးနှင့်အထက်ရှိသော လုပ်ငန်း များအတွက် တစ်နာရီ လျှင် ၆၀၀ ကျပ်နှုန်းဖြင့် အလုပ်ချိန် ၈ နာရီ (တစ်ရက်) အတွက် ကျပ် ၄၈ဝဝိ/- သတ်မှတ်နိုင်ရေး ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ အတည်ပြု ချက်ဖြင့် ၂၀၁၈ ခုနှစ် မေ ၁၄ရက်တွင် အတည်ပြု ထုတ်ပြန်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း။

လုပ်သားအင်အားစစ်တမ်းများ ကောက်ယူခြင်းအနေဖြင့် ရာသီချိန်အလိုက် အလုပ် သမားများ အလုပ် အကိုင်ရရှိမှုအခြေအနေ သိရှိနိုင်ရန် လုပ်သားအင်အား စစ်တမ်း၊ ကလေးလုပ်သားနှင့် ကျောင်းပြီး လုပ်ငန်း ခွင်ဆောင်ရွက်မှု အကူးအပြောင်း ဆန်းစစ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ စာရင်းကောက်ကွက် ၇၈၀ အိမ်ထောင် စုပေါင်း ၁၄၀၄၀ ကို လွှမ်းခြုံကောက်ယူခဲ့ပြီးဖြစ်ပါကြောင်း။

လူမှုဖူလုံရေးအကျိုးခံစားခွင့်များ ပြန်လည်ထုတ်ပေးခြင်းအပိုင်းတွင် တတိယ (၁) နှစ်တာ ကာလ အတွင်း အကျုံး ဝင် အာမခံအလုပ်သမား (၁,၃၀၄,၈၅၅)  ဦးတို့ အတွက် ဆေးကုသမှုကုန်ကျစရိတ်များနှင့် ငွေကြေး အကျိုး ခံစားခွင့်အဖြစ်  စုစုပေါင်း ငွေကျပ် (၂၁,၃၆၃ ဒသမ ၀၈၀) သန်းကို ဥပဒေနှင့်အညီ ခွင့်ပြုထုတ်ပေးနိုင် ခဲ့ပါကြောင်း။

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေး အစီအစဉ်ကို အကောင် အထည် ဖော်ဆောင်ရွက်ခြင်းအပိုင်းတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် မြန်မာနိုင်ငံ ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီကို ဖွဲ့စည်းထားကာ အစည်း အဝေး(၂)ကြိမ် ကျင်းပခဲ့ပြီး ၂၀၁၉ခုနှစ် ဇန်နဝါရီလမှစပြီး အကောင် အထည်ဖော် ဆောင်ရွက် နိုင်ရေးကိုမူအားဖြင့်ချမှတ်ဆောင်ရွက်လျက်ရှိသည့်အပြင် ကလေးအလုပ် သမားဆိုင်ရာ အန္တရာယ်ရှိသော အလုပ်စာရင်း(မူကြမ်း) ရေးဆွဲကာအတည်ပြု ပြဌာန်းနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း။

လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကော်မတီ ဖွဲ့စည်းခြင်း အပိုင်းတွင် စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာ ရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက် လျက်ရှိရာ လက်ရှိအချိန်အထိ ကော်မ တီ(၁၂၇၄) ခုဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်ပါကြောင်း။

အလုပ်ရှင်အလုပ်သမားအငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းဆောင် ရွက်ရာ တွင် အခြေခံကျသည့် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ကို မြန်မာ နိုင်ငံတစ်ဝန်းရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် (၁၂၉၁) ဖွဲ့ ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း။

 အလုပ်သမားရေးရာအငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်ခြင်းအပိုင်းတွင် ခုံသမာဓိ ကောင်စီမှ အလုပ် သမားရေးရာ အငြင်းပွားမှု (၆၈) မှုကို ဖြေရှင်းပေးခဲ့ရာ အလုပ်သမား ၁၂၁၉ ဦးအတွက် ငွေကြေး အကျိုးခံစားခွင့် ငွေကျပ်သန်းပေါင်း ၃၃၂,၆၃၆ နှင့် အမေရိကန် ဒေါ်လာ ၁၆၀၄၇ ရရှိစေခဲ့ပါကြောင်း။

ထို့ပြင် ခုံသမာဓိအဖွဲ့အနေဖြင့် အလုပ်သမားရေးရာ အငြင်းပွားမှု (၁၀၆) မှုကို ဖြေရှင်းပေးခဲ့ရာ အလုပ်သမား ၁၃၈ ဦးအတွက် ငွေကြေး အကျိုးခံစားခွင့် ငွေကျပ်သန်း ပေါင်း၂၇ ဒသမ ၁၁ နှင့် အမေရိကန် ဒေါ်လာ ၁၉၇၅ ကိုရရှိအောင် ဆောင်ရွက်ပေးနိုင် ခဲ့ပါကြောင်း။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှ အလုပ်သမား ရေးရာဆိုင်ရာ ကိစ္စရပ် များနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များကို အစိုးရ၏ တတိယ (၁)နှစ်တာကာလအတွင်း ပြုပြင် ပြောင်းလဲ ရေးဆိုင်ရာ လုပ်ငန်းများ အား ပြည်သူများအတွက် ဖြေလျော့မှုနည်းလမ်းများ နှင့် စီမံချက်များ ရေးဆွဲချမှတ်ကာ ထိထိ ရောက်ရောက် ဆောင်ရွက် နိုင်ခဲ့ ပါကြောင်းနှင့် ဆက်လက်၍ ဝန်ကြီးဌာန၏ နောင်လာ မည့်ကာလများတွင် ယခုထက်ပိုမို တိုးတက်စေရန် ပြည်သူနှင့်အတူပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ် ပါကြောင်းရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ပြည်သူ့အတွက် တတိယ (၁)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ အမြဲတမ်းအတွင်းဝန် ဦးအေးလွင်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်ပြီး လူဝင်မှုကြီး ကြပ်ရေးဦးစီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန၊ ပြည်သူ့ အင်အား ဦးစီးဌာန စသည့် ဦးစီးဌာန (၃)ခုနှင့် အဓိက လုပ်ငန်းတာဝန်(၃)ရပ်ကို ဆောင် ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့၏ တာဝန်ပေးချက်အရ မိမိတို့ဝန်ကြီးဌာနသည် ပြည်ဝင်ဗီဇာ ဆိုင်ရာ တာဝန်ခံ ဝန်ကြီးဌာန(Focal Ministry) အဖြစ်ဆောင်ရွက် လျက်ရှိပါကြောင်း။

ဆိုက်ရောက်ဗီဇာ(Visa On Arrival) စနစ်နှင့် e-visa စနစ်ဖြင့် ခွင့်ပြုပေးခြင်းကို မိမိတို့ ဝန်ကြီးဌာနက တာဝန်ခံ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသို့ လာရောက်လို သည့် နိုင်ငံခြားသားများအား အပြည်ပြည် ဆိုင်ရာ လေဆိပ် (၃) ခုဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် လေဆိပ်တို့မှလည်းကောင်း၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းမှလည်း ကောင်း၊ အပြည်ပြည်ဆိုင်ရာ နယ်စပ် ဝင်ထွက်ပေါက် (၆)ခုဖြစ်သည့် တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ ထီးခီး၊ တမူး၊ ရိခေါဒါ နယ်စပ်ဝင်ထွက်ပေါက်တို့မှ လည်းကောင်း ဝင်ထွက် ခွင့်ပြုလျက်ရှိပါကြောင်း  မြန်မာ-လာအို နယ်စပ်ရှိ ကျိုင်းလပ်-စီအင်ကောက်ဂိတ်အား ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ယင်းဂိတ် ကိုလည်း အပြည်ပြည်ဆိုင်ရာ နယ်စပ် ဝင်/ထွက်ပေါက်အဖြစ် သတ်မှတ်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက် လျက်ရှိပါကြောင်း။

ဆိုက်ရောက်ဗီဇာ (Visa On Arrival) စနစ်ဖြင့် လုပ်ငန်းဗီဇာ၊ အလုပ်ရုံ/ဆွေးနွေးပွဲ/ အစည်းအဝေး/ သုတေသနဗီဇာ၊ ယာဉ်အမှုထမ်းဗီဇာနှင့် ဖြတ်သန်းဗီဇာတို့ကို နိုင်ငံပေါင်း (၅၃)နိုင်ငံ ခွင့်ပြုဆောင်ရွက် လျက်ရှိရာမှ ယခုအခါ ရုရှားနှင့်ယူကရိန်းတို့ကို ထပ်မံခွင့်ပြုခဲ့ သည့်အတွက် ဆိုက်ရောက်ဗီဇာကို နိုင်ငံပေါင်း (၅၅)နိုင်ငံ ခွင့်ပြုပေးလျက်ရှိပါကြောင်း။

ထို့ပြင် သာမန်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သော တရုတ်နိုင်ငံသားနှင့် အိန္ဒိယ နိုင်ငံသား ကမ္ဘာလှည့် ခရီးသွား များအား ဆိုက်ရောက်ဗီဇာ (VOA) စနစ်ဖြင့်ထပ်မံခွင့်ပြု ပေးခဲ့ပါ ကြောင်း၊ ယခုအခါ ဆိုက်ရောက်ဗီဇာ (VOA) စနစ်ဖြင့် နိုင်ငံခြားသားခရီးသည် (၄၁၅၆၀၇) ဦးကို ခွင့်ပြုခဲ့ပါကြောင်း။

သံတမန်နိုင်ငံကူးလက်မှတ်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများ အား အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ကို မြန်မာနိုင်ငံနှင့် အာဆီယံ နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း (၂၄)နိုင်ငံနှင့် စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး  အစ္စရေးနိုင်ငံအား သဘောတူ စာချုပ် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သော်လည်း စာချုပ်အသက်ဝင်သည့်ရက် အား အတည်မပြု နိုင်သေးသဖြင့် လက်ရှိတွင် နိုင်ငံပေါင်း(၂၃)နိုင်ငံမှ သံတမန် နိုင်ငံကူး လက်မှတ်နှင့် အထူးနိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသူများအား ဗီဇာကင်းလွတ်ခွင့် ပြုလျက် ရှိပါကြောင်း၊ သာမန်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသူများအတွက် အပြန်အ လှန်ဗီဇာကင်းလွတ်ခွင့် သဘော တူညီချက်ကို မလေးရှားနိုင်ငံမှအပ ကျန်အာဆီယံ (၈)နိုင်ငံနှင့် စာချုပ်ချုပ်ဆို ခွင့်ပြုလျက်ရှိပါကြောင်း၊ ထို့ပြင် ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်တဲ့ ဟောင်ကောင်နှင့် မကာအို တို့မှ နိုင်ငံသားများအား ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှစပြီး ဗီဇာကင်းလွတ်ခွင့်ဖြင့် အပြည်ပြည် ဆိုင်ရာ ဝင်/  ထွက်ပေါက်များမှ ဝင်/ထွက်ခွင့် ပြုလျက်ရှိပါကြောင်း။

မြန်မာနိုင်ငံ၏ online e-Visa စနစ်ကို ၂၀၁၄ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး e-Visa  (Tourist) ဖြင့် နိုင်ငံပေါင်း (၁၀၀) နှင့် e-Visa (Bussiness) ဖြင့် နိုင်ငံပေါင်း (၅၅) နိုင်ငံအားခွင့်ပြုပေးခဲ့ပါကြောင်း၊ ထပ်မံ၍ Express e-Visa (Tourist) အား (၂၄) နာရီ အတွင်း ထပ်မံခွင့်ပြု ဆောင်ရွက်ခဲ့ရာ e-Visa စနစ် စတင်ဆောင်ရွက်ချိန်မှ ယခု ကာလ အထိ  နိုင်ငံခြားသား ခရီးသည် (၁၁၄၇၈၅၇) ဦးတို့ကို ခွင့်ပြုပေးခဲ့ပါကြောင်း။

မြန်မာနိုင်ငံသားဟောင်းများအား မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူခွင့်ပြုခဲ့ရာ ယခုအချိန်ထိ စုစုပေါင်း(၂၁၁) ဦးအား မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူခွင့်ပြုပေး နိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေ ထိုင်ခွင့်(PR)စနစ်ကို အကောင်အ ထည်ဖော် ဆောင်ရွက်လျက်ရှိရာ PR စနစ်စတင်ချိန်မှ ယခုထိ ခွင့်ပြုပြီးသူ (၄၈၀)ဦးရှိပြီ ဖြစ်ပါကြောင်း။

 ရခိုင်ပြည်နယ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေးအတွက် တောင်ပြို (ဝဲ)နှင့် ငါးခူရပြန်လည်လက်ခံရေးစခန်း(၂)ခု ဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါကြောင်း။

နိုင်ငံအတွင်းနေထိုင်သည့် ပြည်သူများအားလုံးကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုး မျိုး ထုတ်ပေးနိုင်ရေးအတွက် ဖြေလျော့မှုနည်းလမ်းများကိုအသုံးပြု၍ သစ္စာစီမံချက်ဖြင့် အစိုးရသစ်၏(၃)နှစ်တာ ကာလအတွင်း ပြည်သူ (၆၇၆၂၀၁၃)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ (၃) နှစ်တာ ကာလအတွင်း ပြည်တွင်းရွှေ့ပြောင်း နေထိုင်သူ များနှင့် အလုပ်သမားများကို ၎င်းတို့ရောက်ရှိသည့် ဒေသမှာပင် အိမ်ထောင်စု (၄၄၇၆၇) စုအား အိမ်ထောင်စု လူဦးရေစာရင်းထုတ်ပေး နိုင်ခဲ့ပြီး၊ ရွှေ့ပြောင်းနေထိုင်သူ (၁၆၈၂၅)ဦး အား နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေး နိုင်ခဲ့ပါကြောင်း၊ ဒေသအသီးသီးရှိ စာသင် ကျောင်းများမှာ အသက်ပြည့်မီသူ ကျောင်းသား /ကျောင်းသူ စုစုပေါင်း (၁၁၃၂၄၁၂) ဦးအား နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ထုတ်ပေး နိုင်ခဲ့ပါကြောင်း။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်(၁၄)မြို့နယ်မှ စက်ရုံ၊ အလုပ်ရုံနှင့် အလုပ် ဌာနများမှ အလုပ် သမားများအား သစ္စာစီမံချက်ဖြင့် လုပ်ငန်းခွင်မပျက် ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိရာ လုပ်သား(၈၄၈၃) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ခဲ့ပါကြောင်း။

မြန်မာနိုင်ငံအတွင်းနေထိုင်သူများအနက် နိုင်ငံသားစိစစ်မှုခံယူရန် လိုအပ်သူ များအား ဥပဒေ နှင့်အညီ နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NV Card) ထုတ်ပေးဆောင်ရွက်လျက် ရှိရာ အစိုးရ၏(၃)နှစ် တာကာလအတွင်း စုစုပေါင်း (၆၇၆၉၉) ဦးအား NV Card ထုတ်ပေးခဲ့ပါကြောင်း။

၂၀၂၄ ခုနှစ်တွင် နောက်တစ်ကြိမ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင် စာရင်း ထပ်မံမကောက်ယူမီ လျှင်မြန်စွာပြောင်းလဲနေသည့် လူမှုစီးပွားရေးဆိုင်ရာ အကြောင်းအရာ များကို လေ့လာသုံးသပ်ရန်နှင့် စာရင်း အင်းလိုအပ်ချက်များကို အချိန်နှင့် တစ်ပြေးညီ  ဖြည့်ဆည်းရန်အတွက် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ကြားဖြတ်လူဦးရေ သန်းခေါင် စာရင်း ကောက်ယူသွားမည်ဖြစ်ပြီး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။

တက်ရောက်လာကြသည့် သတင်းမီဒီယာများက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ပြီးခဲ့သည့် သင်္ကြန် ကာလက ထိုင်းနိုင်ငံမှ မြန်မာန်ိုင်သို့ ပြန်လာကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများထံမှ မြန်မာဘက်မှ ဘတ် ၁၀၀ ကောက်ခံခဲ့မှုနှင့် အရေးယူသွားမည့် အခြေအနေ၊ လာမည့်နှစ်တွင် ကိုရီးယားနိုင်ငံသို့ မြန်မာလုပ်သားများ စေလွှတ်ရေး ဆောင်ရွက် သွားမည့် အခြေအနေ၊ ၂၀၁၈ ခုနှစ်အတွင်း အများပြည်သူ့ ရုံးပိတ်ရက်များတွင် အလုပ်ဆင်း ခိုင်းသည့် အမှုအရေအတွက်နှင့် အရေးယူဆောင်ရွက်ခဲ့မှု၊ အမည်မည်းစာရင်းမှ ပယ်ဖျက်ပေးခဲ့သည့် နိုင်ငံသား နှင့် နိုင်ငံခြား သားအရေအတွက်နှင့် ကျင့်သုံးလျက်ရှိသည့် မူဝါဒ၊ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ လူဝင်မှုကြီး ကြပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား အရေးယူခဲ့မှု၊ ယခုနှစ်တွင် အရေးယူခဲ့သည့် လူဝင်မှုကြီး ကြပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းအရေအတွက်၊ ဝန်ထမ်းများထံမှ လူမှုဖူလုံရေးကြေး ဖြတ်တောက် မှုနှင့် ဝန်ဆောင်မှု အခြေအနေ၊ အနိမ့်ဆုံး လုပ်ခလစာကို ၂ နှစ်တစ်ကြိမ် ပြန်လည်သုံးသပ် သတ်မှတ်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်း များကို မေးမြန်းကြရာ အမြဲတမ်းအတွင်းဝန် ဦးမျိုး အောင်၊ အမြဲတမ်းအတွင်းဝန် ဦးအေးလွင်နှင့် တာဝန်ရှိ သူများက ပြန်လည်းရှင်းလင်း ဖြေကြား ကြသည်။

သတင်း- ထွန်းနန္ဒာ