8th WVVF World Vovinam Championship 2025 ပြိုင်ပွဲတွင် မြန်မာဗိုဗီနမ်အသင်း ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ် ငါးခု၊ ကြေးတံဆိပ် ခုနစ်ခု စုစုပေါင်း ဆုတံဆိပ် ၁၄ ခု ဆွတ်ခူးရရှိ

8th WVVF World Vovinam Championship 2025 ပြိုင်ပွဲတွင် မြန်မာဗိုဗီနမ်အသင်း ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ် ငါးခု၊ ကြေးတံဆိပ် ခုနစ်ခု စုစုပေါင်း ဆုတံဆိပ် ၁၄ ခု ဆွတ်ခူးရရှိ


Ministry of Information/ Naypyitaw / November 10, 2025
image_latest


ရန်ကုန် နိုဝင်ဘာ ၉

၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၈ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့တွင် ကျင်းပခဲ့သည့် 8th WVVF World Vovinam Championship 2025 ပြိုင်ပွဲသို့ မြန်မာဗိုဗီနမ်အသင်းမှ အုပ်ချုပ်သူနည်းပြ နှစ်ဦး၊ အားကစားသမား အမျိုးသား သုံးဦး၊ အမျိုးသမီး သုံးဦး စုစုပေါင်း ရှစ်ဦးတို့သည် အားကစားနည်းအမျိုးအစား(Event) ၁၆ မျိုးတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသမီး 48-51 kg (Female) ၄၈-၅၁ ကီလိုတန်း အတိုက်ပြိုင်ပွဲတွင် မနှင်းသက်ဝေက ရွှေတံဆိပ်တစ်ခု၊ Dual Knife From (female) အမျိုးသမီး ဓားမြှောင်နှစ်လက်အပြပြိုင်ပွဲနှင့် Ying Yang Sword From (Female) အမျိုးသမီး ဓားတစ်လက်အပြပြိုင်ပွဲတို့တွင် မမေဟန်နီအောင်လွင်က ရွှေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ် တစ်ခု၊ Dragon -Tige From (male) အမျိုးသားလက်သိုင်းအပြပြိုင်ပွဲတွင် မောင်တင်ထူးဇော်က ငွေတံဆိပ်တစ်ခု၊ Pair Knife from (male) အမျိုးသားနှစ်ယောက်တွဲ ဓားမြှောင်အတိုက်အပြပြိုင်ပွဲတွင် မောင်ဟိန်းထက်အောင်နှင့် မောင်ကျော်သူစိုးအောင်တို့အတွဲက ငွေတံဆိပ် တစ်ခု၊ Four- Element Staff From (male) အမျိုးသား တုတ်ရှည်အပြပြိုင်ပွဲတွင် မောင်တင် ထူးဇော်က ငွေတံဆိပ် တစ်ခု၊ Pair Sword from (male) အမျိုးသားနှစ်ယောက်တွဲ ဓားရှည်နှစ်လက် အတိုက်အပြပြိုင်ပွဲနှင့် Pair Machette From (males)အမျိုးသားနှစ်ယောက်တွဲ ဓားရှည်တစ်လက် အတိုက်အပြပြိုင်ပွဲတို့တွင် မောင်ဟိန်းထက်အောင်နှင့် မောင်တင်ထူးဇော်တို့အတွဲက ငွေတံဆိပ်နှစ်ခု ရရှိခဲ့သည်။

ထို့ပြင် Mix Basic Self Dedense Technique (3 females 3 males) အမျိုးသမီး သုံးဦးနှင့် အမျိုးသား သုံးဦး လက်နက်မဲ့အသင်းလိုက် အပြပြိုင်ပွဲတွင် မောင်ဟိန်းထက်အောင်၊ မောင်ကျော်သူစိုးအောင်၊ မောင်တင်ထူးဇော်၊ မချစ်နိုဒီဆောင်း၊ မမေဟန်နီအောင်လွင်နှင့် မနှင်းသက်ဝေတို့အတွဲက ကြေးတံဆိပ် တစ်ခု၊ Ying Yang Sword From (male) အမျိုးသား ဓားတစ်လက်အပြပြိုင်ပွဲတွင် မောင်ကျော်သူစိုးက ကြေးတံဆိပ် တစ်ခု၊ (1 females Defense against males with weapon) အမျိုးသမီး တစ်ဦးနှင့် အမျိုးသား သုံးဦး လက်နက်ပါအပြပြိုင်ပွဲတွင် မမေဟန်နီအောင်လွင်၊ မောင်ဟိန်းထက်အောင်၊ မောင်ကျော်သူစိုးအောင်နှင့် မောင်တင်ထူးဇော်တို့အတွဲက ကြေးတံဆိပ် တစ်ခု၊ Cross - From (male) အမျိုးသား တစ်ဦးချင်း လက်သိုင်းအပြပြိုင်ပွဲတွင် မောင်ဟိန်းထက်အောင်က ကြေးတံဆိပ် တစ်ခု၊ (Female Self Defence from) အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဓားမြှောင်ပါခုခံကာကွယ်နည်း အပြပြိုင်ပွဲတွင် မောင်ဟိန်းထက်အောင်နှင့် မချစ်နိုဒီဆောင်းတို့အတွဲက ကြေးတံဆိပ်တစ်ခု ကိုလည်းကောင်း၊ Pair Sword From (Female) အမျိုးသမီး နှစ်ယောက်တွဲ ဓားရှည်နှစ်လက် အတိုက်အပြပြိုင်ပွဲတွင် မချစ်နိုဒီဆောင်းနှင့် မမေဟန်နီအောင်လွင်တို့အတွဲက ကြေးတံဆိပ် တစ်ခုရရှိခဲ့ပြီး နိုဝင်ဘာ ၇ ရက် ပြိုင်ပွဲများပြီးဆုံးချိန်၌ မြန်မာအသင်းအနေဖြင့် အားကစားနည်း အမျိုးအစား (Event) ၁၄ ခုတို့တွင် ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ် ငါးခု၊ ကြေးတံဆိပ် ခုနစ်ခု စုစုပေါင်း ဆုတံဆိပ် ၁၄ ခုတို့ကို မြန်မာနိုင်ငံအတွက် ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူပေးနိုင်ခဲ့သည်။

အောင်ပွဲရ မြန်မာဗိုဗီနမ်အသင်းသည် လေကြောင်းခရီးဖြင့် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့မှ စင်ကာပူနိုင်ငံသို့လည်းကောင်း၊ စင်ကာပူနိုင်ငံမှတစ်ဆင့် ရန်ကုန်သို့ ယနေ့နံနက်ပိုင်းတွင် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသား သင်တန်းသူများက သောင်းသောင်းဖြဖြ လာရောက်ကြိုဆိုခဲ့ကြောင်း သိရသည်။

သတင်းစဉ်