CMP အထည်ချုပ်စက်ရုံများတွင် အထည်ချုပ်ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးနိုင်ရေးဆောင်ရွက်မှု ကြည့်ရှု
CMP အထည်ချုပ်စက်ရုံများတွင် အထည်ချုပ်ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးနိုင်ရေးဆောင်ရွက်မှု ကြည့်ရှု
Ministry of Information/ Naypyitaw / August 14, 2022

ရန်ကုန် ဩဂုတ် ၁၃
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ပျဉ်းမပင်စက်မှုဇုန်ရှိ CMP အထည်ချုပ်စက်ရုံများဖြစ်သည့် Dragon State နှင့် Tristate Myanmar၊ ရန်ကုန်စက်မှုဇုန်ရှိ မူဆောင်းအထည်ချုပ် စက်ရုံများသို့ သွားရောက်ပြီး လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး၊ စက်ရုံ၊ အလုပ်ရုံများဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များကို စက်ရုံ၊ အလုပ်ရုံများက အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့ကို စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ခံများကလုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက CMP လုပ်ငန်းများသည် အလုပ်အကိုင်အခွင့်အလမ်းအများဆုံး ဖန်တီးပေးနိုင်သဖြင့် မြန်မာလုပ်သားထုနှင့်နိုင်ငံတော်အတွက် ရေတိုရေရှည် အကျိုးဖြစ်ထွန်းစေသည့် စီးပွားရေးလုပ်ငန်းများဖြစ်ကြောင်း၊ CMP စက်ရုံများကို ပြည်ထောင်စုနယ်မြေ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဖွင့်လှစ်ထားပြီး New Normal အခြေအနေနှင့်အညီ လုပ်ကိုင်နိုင်ရေး သက်ဆိုင်ရာဦးစီးဌာနများက စည်းကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အထည်ချုပ်အလုပ်အကိုင်ကို အဓိကဦးစားပေး၍ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်သွားမည်ဖြစ်ရာ ပျဉ်းမပင်စက်မှုဇုန်နှင့် ရန်ကုန်စက်မှုဇုန်ရှိ CMP အထည်ချုပ်စက်ရုံများတွင် စက်ရုံအတွင်းရှိ သတ်မှတ်အဆင့်မီသူများကို ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ရယူနိုင်ရေး စစ်ဆေးအကဲဖြတ်မှုခံယူရန် တိုက်တွန်းလိုကြောင်း။
ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးခြင်းဖြင့် လုပ်သားများ၏ လူမှုစီးပွားဘဝကိုတိုးတက်စေနိုင်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာ အထောက်အပံ့ရစေနိုင်သဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြင့် ဆောင်ရွက်ရန်လိုကြောင်းမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံဥယျာဉ်မြို့တော် ရန်ကုန်စက်မှုဇုန်တွင် ဖွင့်လှစ်ထားသည့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအသိအမှတ်ပြု ကမ္ဘာ့ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းသို့ ကွင်းဆင်းကြည့်ရှုအားပေးသည်။
အဆိုပါ ကမ္ဘာ့ကျွမ်းကျင်မှုသင်တန်းကျောင်းတွင် ပိုက်ဆက်သင်တန်း (Pipe Fitting)တွင် သင်တန်းသား ၇၂ ဦး၊ အဆင့်မြင့်ကျောက်ပုံးရိုက်သင်တန်း (Enhanced System Formwork)တွင် သင်တန်းသား ၂၄၀ ဖြင့် သင်တန်းကာလ နှစ်လကြာ ဖွင့်လှစ်+ 0ပို့ချလျက်ရှိသည်။
သတင်းစဉ်