Digital Skill Up Training သင်တန်းဆင်းပွဲကျင်းပ
Digital Skill Up Training သင်တန်းဆင်းပွဲကျင်းပ
Ministry of Cooperatives and Rural Development/ Naypyitaw / March 11, 2025

နေပြည်တော်၊ မတ် ၁၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၄) ဖြင့်ဆောင်ရွက်သော Digital Skill Up Training (TOT) သင်တန်းအမှတ်စဉ် (၂/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းက အဆိုပါ ဦးစီးဌာနရှိ Incubation Centre ၌ ကျင်းပသည်။
အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြာရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ နှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။
ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့ဌာနအနေဖြင့် အသေးစား စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေမည် ဟူသော မျှော်မှန်းချက်နှင့်အညီ ဦးတည်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့အတူ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၄) ဖြင့် “MSME လုပ်ငန်းများမြှင့်တင်ရေးနှင့် ဒီဂျစ်တယ်စီးပွားရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစားနှင့် အငယ်စား စက်မှု လုပ်ငန်းများ၏ ဒီဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုမြှင့်တင်ခြင်းစီမံကိန်း” ကိုလည်း အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု သင်တန်းကို တက်ရောက်လာကြသော သင်တန်းသားများ အနေဖြင့် ဒီဂျစ်တယ်အသုံးပြုမှု စွမ်းရည်မြင့်မားလာစေရန်၊ ဒီဂျစ်တယ်နည်းပညာ အသုံးပြုပြီး MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန်နှင့် ဒီဂျစ်တယ်စီးပွားရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထို့အပြင် သင်တန်းမှရရှိသည့် အသိပညာ ဗဟုသုတများကို မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ်များမှာရှိသည့် လုပ်ငန်းရှင်များ ကိုပြန်လည်မျှဝေပေးကြရန်နှင့် လက်တွေ့လုပ်ငန်းခွင်နယ်ပယ်မှာ ပြန်လည်အသုံးချကြရမည် ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်က သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာကို လည်းကောင်း၊ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ်များကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
ယခုဖွင့်လှစ်သော သင်တန်းတွင် ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ရုံးများမှ သင်တန်းသားများ ဖြစ်သော အရာထမ်း၊ အမှုထမ်း (၅၀)ဦးအား ဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် e-Commerce Website အား အသုံးပြုနိုင်မည့် Function များ၊ ဌာန၏ လုပ်ငန်းမှတ်ပုံတင်အား Online မှ လျှောက် လွှာတင်နည်းများနှင့် အသုံးပြုနိုင်မည့် Function များ၊ Cyber Security နှင့် စပ်လျဉ်း၍ သိကောင်း စရာများ၊ ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများကို စာတွေ့ လက်တွေ့ ဆွေးနွေးပို့ချခဲ့ကြောင်း သိရှိရပါသည်။