Microsoft Word and Computer Knowledge (Online) သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခြင်း

Microsoft Word and Computer Knowledge (Online) သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခြင်း


Office of the Auditor General of the Union/ NPT / March 31, 2026


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နည်းပညာဖွံ့ဖြိုးရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ လေ့ကျင့်ရေးဌာနခွဲ (နည်းပညာ) မှ ကြီးမှူးဖွင့်လှစ်သည့် Microsoft Word and Computer Knowledge (Online) သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၁:၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ပုလဲခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးငွေက နိုင်ငံတော်မှ လက်ရှိချမှတ်ဆောင်ရွက်နေသည့် မူဝါဒများအကောင်အထည်ဖော်ရာတွင် နည်းပညာဖြင့် အထောက်အကူပြုစေရန်နှင့် လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချနိုင်ရန်ရည်ရွယ်ပြီး ယခု သင်တန်းကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ Microsoft Wordသည် ရုံးသုံးစာများ ရေးသားပြုစု ခြင်း၊ အစီရင်ခံစာများ၊ စာတမ်းများစသည်ဖြင့် စာရွက်စာတမ်းများ စနစ်တကျပြုစုထုတ်ဝေ ရာတွင် အလွန်အသုံးဝင်သည့် Software ဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့် အလေး ထားသင်ယူခဲ့မည်ဟု ယုံကြည်ကြောင်း၊ Computer Knowledge သင်ကြားလေ့လာခြင်းဖြင့် ကွန်ပျူတာ၏ အခြေခံအသုံးပြုနည်းများကို နားလည်ပြီး လုပ်ငန်းဆောင်ရွက်ရာတွင် အချိန်နှင့် လုပ်အားကို လျှော့ချနိုင်သည့်အပြင် လုပ်ငန်းများကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ သင်တန်းသားများသည် မိမိရုံးအတွက် ခွန်အားသစ်များ ဖြည့်ဆည်းပေးမည့် မျိုးဆက် သစ် လူငယ်များဖြစ်သဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန်နှင့် ပြောင်းလဲ တိုးတက်နေသည့် နည်းပညာအသစ်များကို ဆက်လက်လေ့လာပြီး မိမိတို့အဖွဲ့အစည်း တိုးတက်မှုအတွက် ဆောင်ရွက်စေလိုကြောင်း၊ သင်တန်းမှလေ့လာဆည်းပူးခဲ့သည့် Microsoft နှင့်သက်ဆိုင်သည့်ပညာရပ်များကို မိမိတို့၏ လုပ်ငန်းခွင်များတွင်သာမက နိုင်ငံတော်၏ ဒစ်ဂျစ်တယ်ပြောင်းလဲမှုလုပ်ငန်းစဉ်များတွင် ထိရောက်စွာ ပြန်လည်အသုံးချကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် သင်တန်းသားများကိုယ်စား စစ်ကိုင်းတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်စီက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများ၊ ဒေသစာရင်း စစ်ရုံးများနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးတို့မှ သင်တန်းသား (၃၂) ဦး တက်ရောက်ခဲ့ပြီး အရည်အချင်းစစ်စာမေးပွဲကို ၂၆-၃-၂၀၂၆ ရက်နေ့တွင် Online ဖြင့် တစ်ပြိုင်တည်းကျင်းပ မည်ဖြစ်သည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ နည်းပညာဖွံ့ဖြိုးရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများက ပုလဲခန်းမတွင်လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံး၊ ဒေသစာရင်းစစ်ရုံး တို့မှ တာဝန်ရှိသူများနှင့် သင်တန်းသား/ သင်တန်းသူများက Online ဖြင့် လည်းကောင်း တက်ရောက်ခဲ့ကြသည်။