MPT ၏ ဒေတာဝန်ဆောင်မှုအခက်အခဲဖြစ်ပေါ်ရခြင်းနှင့် ပြန်လည်ပြင်ဆင်ပြီးကြောင်းကို သုံးစွဲသူများသို့ အသိပေးခြင်း (အဆင်မပြေမှုများအတွက် နိုင်ငံတစ်ဝန်းရှိ MPT သုံးစွဲသူအားလုံးအတွက် MPT Club ၃၀၀ ပွိုင့် လက်ဆောင်ကို ပေးအပ်လျက်ရှိ)
MPT ၏ ဒေတာဝန်ဆောင်မှုအခက်အခဲဖြစ်ပေါ်ရခြင်းနှင့် ပြန်လည်ပြင်ဆင်ပြီးကြောင်းကို သုံးစွဲသူများသို့ အသိပေးခြင်း (အဆင်မပြေမှုများအတွက် နိုင်ငံတစ်ဝန်းရှိ MPT သုံးစွဲသူအားလုံးအတွက် MPT Club ၃၀၀ ပွိုင့် လက်ဆောင်ကို ပေးအပ်လျက်ရှိ)
Ministry of Transport and Communications/ Naypyitaw / August 15, 2022
MPT သည် ကရင်ပြည်နယ်ရှိ မြဝတီ နှင့် ကော့ကရိတ်မြို့နယ်ကြား ဖိုင်ဘာဆက်ကြောင်း ပြတ်တောက်မှုနှင့် ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ် နှင့် ငွေဆောင်မြို့နယ်ကြား ပင်လယ်ရေအောက် (SE-ME-WE- 5) ဓာတ်အားကြိုးပြတ်တောက်မှုကို ပြန်လည်ပြင်ဆင်ခဲ့ပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ သြဂုတ်လ (၁၀) ရက်မှ (၁၂) ရက်အတွင်း ဖြစ်ပွားခဲ့သည့် ဖိုင်ဘာ ဆက်ကြောင်း ပြတ်တောက်မှုများကို ပြင်ဆင်ပြီးဖြစ်ပါသောကြောင့် သုံးစွဲသူများအနေဖြင့် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၂ ရက် ည ၈း၂၅ နာရီ အချိန်မှစ၍ ဒေတာဝန်ဆောင်မှုများကို မူလအတိုင်း ပြန်လည်အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။
ဖိုင်ဘာဆက်ကြောင်းပြတ်တောက်မှုကာလအတွင်း အဆင်မပြေမှုများဖြစ်ပေါ်ခဲ့သည့်အတွက် MPT က အနူးအညွတ်တောင်းပန်သည့်အနေဖြင့် MPT သည် သုံးစွဲသူများအား MPT Club ပွိုင့် ၃၀၀ ပွိုင့်ကို ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၄ ရက်မှ ၂၀ ရက်အထိ လက်ဆောင်ပေးအပ်လျက်ရှိပြီး MPT Club အစီအစဉ်တွင် စာရင်းသွင်းရယူထားသော သုံးစွဲသူများအနေဖြင့် *2006# သို့ခေါ်ဆို၍ MPT Club ပွိုင့် ၃၀၀ ကို ရရှိနိုင်မည် ဖြစ်သည်။ MPT Club အစီအစဉ်သို့ စာရင်းသွင်းရယူရန် https://www.mpt.com.mm/mm/mpt-club-mm/ သို့ ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။
MPT သုံးစွဲသူများသည် MPT Club ပွိုင့်များကို အသံ၊ ဒေတာနှင့် စာတို (SMS) အစရှိသည့် MPT မိုဘိုင်းလ်ဝန်ဆောင်မှုအမျိုးမျိုးနှင့် စိတ်တိုင်းကျ လဲလှယ်နိုင်သည့်အပြင် MPT၏ မိတ်ဖက်အဖွဲ့အစည်းများ၏ ဝန်ဆောင်မှုများဖြင့်လည်း လဲလှယ်နိုင်မည် ဖြစ်ပါသည်။
MPT အနေဖြင့် သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ပေးအပ်လျက်ရှိပြီး ဖိုင်ဘာဆက်ကြောင်းပြတ်တောက်မှုကာလအတွင်း အင်တာနက်ဒေတာအသုံးပြုမှု အမြန်နှုန်းကျဆင်းခဲ့စဉ် MPT သုံးစွဲသူများ အဆင်မပြေမှုများဖြစ်ပေါ်ခဲ့ခြင်းအတွက် MPT မှ အနူးအညွတ်တောင်းပန်အပ်ပါသည်။
